ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅

ဆိုင်ခေါင်ကျေးရွာတွင်ကလေးငယ် (၂) ဦးလက်ပစ် ဗုံးယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး (၁) ဦးသေဆုံးသွားကာ (၁) ဦးဒဏ်ရာရရှိသွားကြောင်း TNLA ကထုတ်ပြန်ချက်အရသိရသည်။

ရှမ်းမြောက် မုံးစီးမြို့နယ် ဆိုင်ခေါင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်တွင် ကလေးငယ် (၂)ဦးသည် ကျေးရွာအနီးရှိလက်ပစ်ဗုံးတစ်လုံးကိုယူဆော့ကစားရာမှ ပေါက်ကွဲပြီး (၁)ဦးသေဆုံးကာ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် အသက် (၅)နှစ်အရွယ် မိုင်းအညီဆိုသူ သေဆုံးခဲ့ပြီး အသက် (၇)နှစ်အရွယ် မိုင်းအကာမှ ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်။

ထိခိုက်ဒဏ်ရာရသူမိုင်းအကာသည် လက်၊ ခြေထောက်၊ ဝမ်းဗိုက်နှင့် ပေါင်များကို ဗုံးစထိမှန်ခဲ့ပြီး လက်ရှိအချိန်တွင် ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသခံယူလျှက်ရှိကြောင်းသိရသည်။

ပြီးခဲ့သောဖေဖော်ဝါရီလ ၆ ရက်နေ့တွင်လည်း သီပေါမြို့တွင် စစ်ကောင်စီထောင်ထားသော မိုင်းကို ကောက်ယူဆော့မိရာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား ၁ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်။

#PPV 003
#social
#ကလေး
#ဗုံးပေါက်ကွဲ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။