ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ မြေမြှုပ်မိုင်းအသုံးပြုမှု တိုးမြင့်လာခြင်းကြောင့် အရပ်သားသေဆုံးမှုသည် ကမ္ဘာတစ်ဝန်း၌ အများဆုံးနိုင်ငံဖြစ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဖေဖော်ဝါရီ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။

၎င်းထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်အတွင်း မြေမြှပ်မိုင်းနှင့်ပေါက်ကွဲစေတက်သောလက်နက်များကြောင့် သေဆုံးသူ (၁၀၀၃) ဦး ဖြင့် မြန်မာနိုင်ငံသည် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးသည် ဆီးရီးယား နိုင်ငံမှ (၉၃၃)ဦး ဖြစ်ကြောင့် မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ကဆိုထားသည်။

မြေမြှုပ်မိုင်းများကြောင့် အရပ်သားပြည်သူများ၏ အသက်အန္တရယ်ကိုပါခြိမ်းခြောက်ခံ နေရသည့်အပြင် စိုက်ပျိုးရေးလုပ်ငန်းများကိုပါ ပြင်းထန်စွာ နှောင့်ယှက်၍ လူမှုအသိုင်းအဝိုင်းများကို ရွှေ့ပြောင်းစေကာ ဆင်းရဲမွဲတေမှုနှင့် မတည်ငြိမ်မှုကို ဆက်လက်ဖြစ်နေကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်အာဏာသိမ်းပြီး ချိန်မှ စ၍ ပြည်တွင်း တိုက်ပွဲများကြောင့်ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ ၃ ဒသမ ၅ သန်းခန့် အဖြစ် ရွှေ့ပြောင်းနေထိုင်နေရသည်။

စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲသည် မြန်မာနိုင်ငံ အရှေ့မြောက်၊ အနောက်မြောက်နှင့် အရှေ့တောင်ဒေသ များ၌ ဆက်လက်ဖြစ်ပွါးနေကြောင်းရေးသားထားသည်။

ကျယ်ပြန့်လာသည့် ပဋိပက္ခများကြောင့် အရပ်သားများသည် ဘေးအန္တရာယ်များ၊ ရောဂါများ၊ စားနပ်ရိက္ခာမလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်းနှင့် အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုများ ပုံမှန်မရရှိခြင်းများ အပါအဝင် အကျပ်အတည်းမျိုးစုံကို တပြိုင်နက်တည်း ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ထားသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မြန်မာနိုင်ငံတွင်
#မြေမြှုပ်မိုင်းအသုံးပြုမှု
#တိုးမြင့်လာ
#အရပ်သားသေဆုံးမှု
#ကမ္ဘာတစ်ဝန်း၌အများဆုံးနိုင်ငံဖြစ်နေ
#ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး
#UNOCHA