ခမ်းသားငေါဝ်း

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅

စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယခုလဖေဖော်ဝါရီ(၁)ရက်နေ့မှ(၁၈)ရက်အတွင်း အသက်(၁၈)နှစ်အောက် ကလေးငယ်(၂)ဦး အပါအဝင် (၁၂)ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းအရ သိရသည်။

လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူများသည် အမျိုးသား(၆)ဦး အမျိုးသမီး(၆)ဦး စုစုပေါင်း(၁၂)ဦး သေဆုံးခဲ့ရသည်ကို AAPPက အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး သေဆုံးသူများထဲတွင် ရှမ်းပြည်နယ်မှ(၄)ဦးဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ ကျေးရွာကို စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ် (PNO)တို့မှ ဖယ်ခုံမြို့ အနောက်ဖက်ကမ်းမှနေ၍ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်သောကြောင့် ကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး စိုဝ်လုံနှင့် ကလေးငယ် စိုင်းလျန်ဆိုင်တို့ ကျည်စထိမှန်ကာ သေဆုံးသွားခဲ့ရကြောင်း သိရသည်။

ထို့အပြင် ယခုထိလည်း ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူ အမြောက်အများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#ကလေးသူငယ်အခွင့်အရေး
#လူ့အခွင့်အရေး
#လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု
#ယခုလဖေဖော်ဝါရီ
#နိုင်ငံရေးအကျည်းသားများကူညီစောင့်ရှောက်ရေးအသင်း
#AAPP