ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅
မြဝတီ ဘက်သို့ ပို့ရန် ဘားအံရှိဆီဆိုင်များကို ကရင်နယ်ခြားစောင့်တပ် BGF ကဆိုင်ပြတ်ဝယ်ယူနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
ကျားဖြန့်များကို နှိမ်နင်းရန် ထိုင်းဘက်မှ လောင်စာဆီတင်သွင်းမှုကို ပိတ်ပင်ထားရာ မြဝတီဘက်သို့ ဓာတ်ဆီပို့ရန် ဘားအံရှိ ဆီပန့်ဆိုင်များကို ကရင်နယ်ခြားစောင့်တပ် BGF ကဆိုင်ပြတ်ဝယ်ယူထားသည်။
” ရှေ့နေ့က Denko ဆီပန့်ကို BGF ဗိုလ်တစ်ယောက်က အပြတ်ဝယ်သွားတယ်၊ ဆီရောက်တာနဲ့ ဆိုင်ကလူ ဖုန်းဆက်လာတယ် အဲ့ဒါတစ်ဆိုင်လုံးယူထားမယ်တဲ့၊ ပြီးတော့ မြဝတီဘက်ကို ပို့တယ်၊ ပြည်သူတွေကိုကျတော့ ရွာထဲသုံးဖို့ဆီတောင်ပေးမတင်ဘူး၊ဆန်အိတ်တောင် အများကြီးတင်လို့မရဘူး” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ထိုကဲ့သို့ ဆီပန့်ကြီးများတွင် ဆိုင်ပြတ်ဝယ်ယူသွားသောကြောင့် ဒေသခံပြည်သူများ ဆီရရှိဖို့ပိုမိုခက်ခဲနေကြောင်းသိရသည်။
” အခုဆိုဆီတန်းစီနေရတယ်လေ၊ ဆိုင်ကယ်ဆီလေးရဖို့အရေး တစ်မြို့လုံးပါတ်သွားနေရတယ်၊ ဒါတောင် ဆိုင်အချို့ဆို ၅၀၀၀ ဖိုးပဲထည့်ပေးတာ၊ ပြည်သူတွေပဲ အခက်အခဲ ဖြစ်နေရတယ်” ဟု ၎င်း ကဆက်ပြောသည်။
ယခုလအတွင်း မြဝတီရှိငွေလိမ်ဂိုဏ်းများကို အပြီးပြတ်နှိမ်နင်းသွားမည်ဟုလည်း ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူကပြောဆိုထားသည်။
PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မြဝတီဘက်
#ဘားအံရှိဆီဆိုင်များ
#BGF
#ဆိုင်ပြတ်ဝယ်ယူနေ
#ကျားဖြန့်များကိုနှိမ်နင်းရန်