ခမ်းသားငေါဝ်း

ဖေဖော်ဝါရီ ၁၉၊၂၀၂၅

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်း ပြီးချိန်မှစ၍ လေးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်း မသန်စွမ်းသူ ၁၁၇ ဦး သေဆုံးခဲ့ရကြောင့်ဖေဖော်ဝါရီ ၁၇ ရက်နေ့ တွင် Human Rights Myanmar ထုတ်ပြန်ထားသည်။

သေဆုံးသည့်အထဲ အမျိုးသမီး ၂၁ ဦးသည် သတ်ဖြတ်ခံရသူ အရေအတွက်၏ ၁၈ ရာနှုန်း ဖြစ်ပြီး သတ်ဖြတ်ခံရသည့်အရေအတွက်သည် ယခုထက်ပိုများနိုင်ပြီး ပဋိပက္ခဖြစ်ရာ ဒေသများ၌ သတင်းအချက်အလက် ကောက်ယူရန် အခက်အခဲရှိခြင်းကြောင့်ဖော်ပြထားသည်။

မသန်စွမ်းသူများ သည် ၂၀၂၁ ခုနှစ်တွင် (၁၂)ဦး၊ ၂၀၂၂ ခုနှစ်တွင် (၄၀) ဦး၊ ၂၀၂၃ ခုနှစ်တွင် (၃၄) ဦး၊ ၂၀၂၄ ခုနှစ်တွင် (၃၀) ဦး နှင့် ၂၀၂၅ ခုနှစ်မှာ (၁)ဦး သတ်ဖြတ်ခံခဲ့ရသည်။

ဒေသအလိုက် မသန်စွမ်းပြည်သူများ သတ်ဖြတ်ခံရမှု အများဆုံးမှ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄၆ ရာခိုင်နှုန်းဖြင့်အများဆုံးဖြစ်ပြီး မကွေးတိုင်းဒေသကြီးတွင် ၂၂ ရာခိုင်နှုန်း ဖြင့် ဒုတိယအများဆုံးသတ်ဖြတ်ခံရကြောင်းဆိုထားသည်။

မသန်စွမ်းသူများ သေဆုံးရသည့် ၅၂ ရာခိုင်နှုန်းသည် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံရပြီး ၂၆ ရာခိုင်နှုန်းသည် စစ်ကောင်စီတပ်မှ ရွာများသို့ မီးရှို့သည့် အချိန် အရှင်လတ်လတ် မီးလောင်သေဆုံးရခြင်း၊ ၁၃ ရာခိုင်နှုန်းသည် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း၊ ၃ ရာခိုင်နှုန်းသည် ခေါင်းဖြတ်ခံရ၍ သေဆုံးခဲ့ရသည့်အပြင် ကျန်ရာခိုင်နှုန်းမှာ စစ်ကောင်စီတပ်မှအရပ်သားပြည်သူများနေထိုင်သည့် နေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့်သေဆုံးကြရသည်။

မသန်စွမ်းပြည်သူများ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်၏ ဥပဒေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ဖိနှိပ်မှုများ ပြင်းထန်စွာ ရင်ဆိုင်နေကြရကြောင့်ဖော်ပြထားသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRPD) ကို မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်၌ လက်မှတ်ရေးထိုးထားသော်လည်း စစ်ကောင်စီသည် ပြည်တွင်းဥပဒေနှင့် CRPD ၏ တာဝန်များကိုလည်း ချိုးဖောက်နေကြောင့် Human Rights Myanmar ကထုတ်ပြန်ထားသည်။

PPV0013
ပုံ-အွန်လိုင်း
#ကလေးသူငယ်အခွင့်အရေး
#အမျိုးသမီးအခွင့်အရေး
#လူ့အခွင့်အရေး
#သတ်ဖြတ်ခံရ
#ပဋိပက္ခဖြစ်ရာဒေသများ