ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၇၊၂၀၂၅

ညောင်ရွှေမြို့နယ်တောင်ပိုင်း အင်းလေးဒေသရေပူကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့ စစ်ဘက်က လေးဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရကြောင်းသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့ရေပူကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာ၍တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း IPDF သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင် PNO ပြည်သူ့စစ် တပ်ရင်း (၁) နှင့်တပ်ရင်း (၇)တို့ပူးပေါင်း၍ အင်အား(၁၀၀)ကျော်ဖြင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ရေပူကျေးရွာအနီးသို့ ထိုးစစ်ဆင်လာခဲ့၍ ( ၃ ) နာရီခွဲခန့်ကြာ ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း PNO ပြည်သူ့စစ်ဘက်မှ (၅)ဦးထက်မနည်း သေဆုံးပြီး (၄)ဦးအရှင်ဖမ်းဆီးရမိကာ သေ နတ် ( ၅ )လက် ၊ ကျည်ဘောက် (၉)ဘောက်နှင့်ကျည် အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

ထိုတိုက်ပွဲတွင်အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် ၁၀၀၉တပ်ရင်းနှင့်မဟာမိတ်တပ်များဖြစ်သော ပျားစစ်ကြောင်း ၊ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း-၂ PK-PDF-2 အမှတ် ၁၀၀၆ တပ်ရင်းနှင့်အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

#ppv002
#တိုက်ပွဲ
#အင်းလေးပြည်သူ့ကာကွယ်ရေးတပ်
#IPDF
#ရေပူရွာအနီး

ဓာတ်ပုံ _credit IPDF( တိုက်ပွဲတွင်းဖမ်းမိသော PNOစစ်သုံ့ပန်း ( ၄ ) ဦးနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့)

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။