ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၅
ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာမှ ပအိုဝ်းလူငယ်တစ်ဦး မူးယစ်ဆေးဝါးသုံးစွဲသည့်အတွက် RCSS/SSA မှခေါ်ဆောင်ခြင်းခံရပြီး SSPP/SSA တပ်စခန်းအနီး ဗုံးသွားထောင်စဉ် ပစ်သတ်ခြင်းခံခဲ့ရကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာမှ မူးယစ်ဆေးဖြတ်ရန် ခေါ်ဆောင်ခြင်းခံရသည့် ပအိုဝ်းလူငယ်တစ်ဦး RCSS/SSA မှ SSPP/SSA စခန်းအနီး မိုင်းဗုံးသွားထောင်ခိုင်းစဉ် SSPP/SSA တပ်ဖွဲ့မှ ဒရုန်းဖြင့်မြင်ပြီး လိုက်လံပစ်ခတ်သဖြင့် (မုဲင်းတွိုင်တမွူး) အင်တပင်ကျေးရွာအနီးတွင် သေဆုံးခဲ့သည်။
“မူးယစ်ဆေးဝါးသုံးလို့ဆိုပြီး (RCSS/SSA) ရှမ်းအကျားအဖွဲ့က ဖမ်းသွားတယ် သူအမေကငွေနဲ့လိုက်ရွေးပေးတယ် ထပ်သုံးလို့အမေဖြစ်တဲ့သူက( RCSS/SSA) ရှမ်းအကျား ကိုအပ်လိုက်တာ ဟိုကဗုံးသွားထောင်ခိုင်းတုန်းပစ်သတ်ခံရတာ တပတ်ကျော်ပြီသေသွားတာ” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
SSPP/SSA ကတစ်နာရီးခြားတစ်ကြိမ် ဒရုန်းဖြင့် ၎င်းတို့တပ်စခန်းအနီးသို့ စစ်ဆေးလျှက်ရှိရာ ဒရုန်းမှတဆင့်တွေ့ရှိခြင်းကြောင့် လိုက်လံပစ်ခတ်ခြင်းခံရပြီး သေဆုံးရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ရပ်စောက်မြို့နယ်ဆက်သေ၊ မြေမဲ၊ အင်တောနှင့် ဟိုပုံးမြို့နယ်မိုင်းပျဉ်းကျေးရွာအုပ်စု ဖာလုဲင်(ဖာလိုင်)ဘက်တို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က နေရာယူထားလျှက်ရှိပြီး ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် မကြာခဏထိတွေ့ တိုက်ခိုက်မှုများရှိနေကြောင်း သိရသည်။
PPV001
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရပ်စောက်မြို့နယ်
#ပင်ဖြဲစ်ကျေးရွာမှ
#မူးယစ်ဆေးဝါးသုံးစွဲသည့်အတွက်
#RCSS/SSA
#SSPP/SSA
#ဗုံးသွားထောင်စဉ်
#ပစ်သတ်ခြင်းခံခဲ့ရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။