ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅
တောင်ကြီး မြို့ ဘုရားဖြူရပ်ကွက်တွင်လူနေအိမ်ဖောက်ထွင်းပြီး ရရာပစ္စည်းများခိုးယူမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်နယ်မြေ(၃) အတွင်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် သူခိုးမှလူနေအိမ်ကိုဖောက်ထွင်းပြီး ရရာပစ္စည်းခိုးယူနေခြင်းဖြစ်သည်။
“မနက်ပိုင်း ၂ နာရီအချိန် ဖုန်းရယ် နောက်ပြီးတော့ ဘောက်ရယ်ခိုးသွားတယ် အဲ့ချိန်ဝင်ခိုးတော့ သူခိုးမထင်ပဲ အသံကြားလည်း သူ့ကိုအထင် ငါကိုအထင်နဲ့ပေါ့”ဟု ရပ်ကွက်ခံအမျိုးသမီးတစ်ဦးကပြောသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၄ ရက်နေ့နံနက်တွင် လည်းတောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ (၁) တွင် နေအိမ်အတွင်းထိ 125 ဆိုင်ကယ်တစ်စီးဝင်ခိုးခံရမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
တောင်ကြီးမြို့ပေါ် တွင် ဘုရားဖြူရပ်ကွက်အပြင် အခြားရပ်ကွက်တို့လည်းလူတိတ်သည့်နေအိမ်များတွင် သူခိုးများအခွင့်ကောင်းယူပြီး ဖောက်ထွင်းပစ္စည်းခိုးခြင်း ဆိုင်ကယ်အခိုးခံရခြင်းတို့ မကြာဏဖြစ်ပွားနေကြောင်းသိရသည်။
#ppv004
#မှုခင်း
#ဘုရားဖြူ
#နေအိမ်ဖောက်ထွင်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။