ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅
တောင်ကြီးမြို့ပေါ်ရှိ ပြီးခဲ့သည့်ဖေဖော်ဝါရီ ဒုတိယပတ်တွင် မြို့မစျေးအနီး ဆိုင်ကယ်ဦးထုပ်မပါသူများကို ယာဉ်မောင်းလိုင်စင်ပါ စစ်ဆေးပြီး လိုင်စင်မဲ့ ဖြစ်ပါက သိမ်းခံရကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ပေါ်ရှိ မြို့မစျေး အနီး Ocean မိန်းလမ်းပေါ်၌ ဆိုင်ကယ် ဦးထုပ်မပါသူများကို ဒဏ်ငွေကောက်ခံသည့်အပြင် ယာဉ်မောင်းလိုင်စင်ကိုပါ စစ်ဆေးပြီး လ်ိုင်စင်မဲ့ ဆိုင်ကယ်များ ကိုလည်း ကားဖြင့် သိမ်းသွားသည်။
“အဲ့နေ့ က ဆိုင်ကယ် ဦးထုပ်မပါတဲ့သူနဲ့ နံပါတ်ပြားမပါတဲ့သူကို ဒဏ်ငွေဆောင်ခိုင်းတယ် ပြီးတော့ ယာဉ်မောင်းလိုင်စင်စစ်ရင် ဆိုင်ကယ်က without ဆိုတော့ ပါသွားတာဘဲ ၊ ဆိုင်ကယ်သိမ်းသွားတာ ကားအကြီး နှစ်စီးနဲ့အပြည့်ဘဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် တန်ဆောင်တိုင်ကာလအတွင်း သိမ်းခံရသည့် ယာဉ်များသည်လည်း ခုချိန်ထိ ပြန်ရရှိခြင်းမရှိသေးကြောင့် ဆိုင်ကယ်သိမ်းခံရသည် ဒေသခံတစ်ဦးကဆက်ပြောသည်။
“ခုထိ ကိုမရသေးဘူး၊ ပြီးတော့ ဆိုင်ကယ် က without ဆိုတော့ သွားထုတ်တာ။ နောက်တစ်ရက်မှ ရမယ် ၊ နောက် တစ်ပတ်မှ ရမယ် အဲ့လိုပြောပြီးဘဲ ပြန်ပြန်လွှတ်လာတာ၊ စစသိမ်းခံရတုန်းကတော့ သုံးသိန်း ကျော်ပေးပြီး ထုတ်လို့ရမယ်လို့တော့ပြောတာဘဲ၊ ပြီးတော့ အဲ့တုန်းက မော်တော်ပီကယ် ဖမ်းတာမဟုတ်ဘဲ ရဲဖမ်းတာကော အဲ့တော့ မရလောက်တော့ဘူးထင်တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
သိမ်းဆည်းခံရသည့် ဆိုင်ကယ်များ၊ ကားများရွေးရန် ရနိုင်ခြေ နည်းသဖြင့် ယာဉ် မောင်းနှင်းသူများအတွက် သတိဝရီယ ရှိရှိ ဖြင့် ဆိုင်ကယ် ဦးထုပ်များ ဆောင်ရန် မမေ့မလျော့ ကြဖို့ တိုက်သွန်းချင်ကြောင်း ဆိုင်ကယ်သိမ်းခံရသူများကဆိုသည်။
PPV0013
ပုံ-အွိုန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#ဖေဖော်ဝါရီဒုတိယပတ်
#မြို့မစျေး
#ဆိုင်ကယ်ဦးထုပ်မပါသူများ
#ယာဉ်မောင်းလိုင်စင်စစ်ဆေး
#လိုင်စင်မဲ့ဖြစ်ပါကသိမ်းခံရ