ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၅၊ ၂၀၂၅
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ကရင်ပြည်နယ် မြဝတီဘက်မှ မဲဆောက်ဘက် ခိုးဝင်လာသည့် တရားမဝင် မြန်မာ နိုင်ငံသား (၂၃) ဦးကို ထိုင်းစစ်တပ်မှ ထပ်မံဖမ်းဆီးရကြောင်း ဒေသတွင်း အခြေစိုက် သတင်းဌာန ဖော်ပြချက်အရသိရသည်။
ဖေဖော်ဝါရီ(၁၄)ရက် ည(၁၁)နာရီကျော် အချိန်တွင် ထိုင်းနိုင်ငံ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ် ထာ့ဆိုင်လွှက်ကျေးရွာရှိ ထိုင်း မြန်မာ အမှတ်(၁)တံတားအနီး၌ ကင်းလှည့်နေသည့် ထိုင်းလုံခြုံရေး တပ်ဖွဲ့မှ လူတစ်စုကို တွေ့ရှိပြီး စစ်ဆေးမေးမြန်းရာမှ ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား အမျိုးသား(၁၃) ဦးနှင့် အမျိုးသမီး(၁၀)ဦးသည် ဘန်ကောက်မြို့သို့ အလုပ်လုပ်ကိုင်ရန် မြဝတီမှ သောင်ရင်းမြစ် ဖြတ်ကူးပြီး မဲဆောက်ဘက်သို့ ခိုးဝင်လာသူများ ဖြစ်ကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးရမိသူများကို မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကျားဖြန့်လုပ်ငန်းနှိမ်နှင်းရေး စီမံကိန်းကြောင့် ထိုင်းမြန်မာ နယ်စပ်တွင် ယခင်ကထက် လုံခြုံရေး တင်းကြပ်ထားပြီး စစ်ဆေးဖမ်းဆီးမှု များနေကြောင်း သိရသည်။
ထို့အပြင် မဲဆောက်မြို့နယ်အတွင်းရှိ ကျေးရွာတိုင်းတွင်လည်း ထိုင်းစစ်တပ်မှ စစ်ဆေးရေးဂိတ်များ ချကာ တားဆီးစစ်ဆေးနေသကဲ့သို့ မြို့အဝင် အထွက်လည်း ထိုင်းရဲတပ်ဖွဲ့မှ ဂိတ်ချကာ အစစ်ဆေးတင်းကြပ်ထားကြောင်း သိရသည်။
#PPV0011
#ရွေ့ပြောင်းအလုပ်သမား
#ဖမ်းမိ
#social
#ထိုင်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။