ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၅၊ ၂၀၂၅

ပီကင်းကျေးရွာအနီးတွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေ၍ ဒေသခံများထိမှန်မည်ကို စိုးရိမ်နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာ အနီးတောင်ပေါ်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၌ စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၃ လုံးကျရောက်ပေါက်ကွဲခဲ့သည်။

” မနေ့က ရွာဘေးနားက တောင်ပေါ်မှာ လက်နက် ကြီး ၃ လုံးကျတယ်၊ ဘယ်ကပစ်လိုက်တာလည်းတော့မသိဘူး၊ လေယာဥ်ဆိုရင် အသံကကြားရသေးတယ်၊ပြေးလို့ရတယ်၊ လက်နက်ကြီးတွေက မကြားရဘူး၊ ကိုယ့်အပေါ်ကျလာမှာကို ကြောက်နေရတယ် ” ဟု ဒေသခံအမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

လေယာဥ်များလည်း ကြောက်ရ၊ လက်နက်ကြီးများလည်းကြောက်ရ၊ ကလေးကတစ်ဖက်နဲ့၊ ထပ်ပြေးစရာနေရာလည်းမရှိ ၊ ဘဝကတော်တော်ဆိုးနေပြီဟု ၎င်း ကဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း ပီကင်းကျေးရွာစျေးအနီးတွင် စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက် ခိုက်ခဲ့ခြင်းကြောင့် စစ်ရှောင် ၂ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးပျက်စီးခဲ့သည်။

photo credit

#PPV 003
#Humanright
#ပီကင်း
#လက်နက်ကြီး
#ဖယ်ခုံ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။