ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅

လောင်စာဆီ ဈေးနှုန်း မြင့်တက်လာသဖြင့် လူမှု ကူညီရေး အသင်းများ ရပ်တည်ရန် ခက်ခဲလာကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင်လောင်စာဆီမြင့်တက်လာ၍ နာရေးကူညီမှုအသင်းများက ရပ်တည်မှုခက်ခဲလာပြီးထိထိရောက်ရောက်ကူညီရန်လည်းခက်ခဲလာသည်။

“ကျွန်တော် တို့ လူမှု ကူညီရေး အသင်းတွေ ရပ် တည်ရတာအခက်အခဲရှိတယ်၊မတော်တဆ ဖြစ် တာ ကူညီရေးမှာမရတာများတယ်၊ တစ်လမှာ အကြိမ် ၃၀ လောက် ၁၀ ကြိမ် လောက်ပဲရတယ်၊ ကျန်တာမရပါဘူး၊ အောင်ပန်းတောင်ကြီးအထိ တစ် ကြောင်း ဆိုရင်လည်း ဆီဖိုးလေးငါးခြောက် သောင်း ကုန်ကျစရိတ် ရှိတယ်၊ တခါတလေ တစ်ရက်ကို လေးငါးခါထွက်ရတဲ့နေ့တွေရှိတယ်၊ အဲလို နေ့တွေဆိုရင်မလွယ်ဘူး”ဟု အောင်ပန်းနာရေး ကူညီမှု အသင်း မှ တာဝန် ရှိသူက ဆိုသည် ။

အောင်ပန်းနာရေး ကူညီမှု အသင်းသည် တည် ထောင်ချိန်မှ စတင်ကာ လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်လာသည် မှာ ၁၀ နှစ် ထဲရောက်ရှိလာပြီ ဖြစ် ကြောင်း သိရသည်၊။

အောင်ပန်း နာရေး ကူညီမှု အသင်းတွင် မော်တော် ယာဉ် ၈ စီး ရှိပြီး အဆိုပါ ကားများထဲမှ အရေးပေါ်ကား ၄ စီး ပါဝင် ကြောင်းသိရသည် ။

၂၀၂၁ ခုနှစ် နောက် ပိုင်း မှ စတင်ကာ လောင်စာဆီ ဈေးနှုန်းများ အဆမတန် မြင့်တက် လာပြီး ကုန် ဈေးနှုန်း များလည်း တစ်နေ့ တစ်ခြား မြင့်တက် လာနေခြင်း ဖြစ်ပါသည် ။

လောင်စာဆီမြင့်တက်မှုကြောင့် တောင်ကြီးမြို့တွင်လည်း လူမှုကူညီရေး အသင်းများ လှုပ်ရှားမှုနည်းသွားပြီး အနည်းငယ်သာ ဆောင်ရွက်နိုင်ခြင်း ရှိကြောင်း သိရသည် ။

#ppv006
#လောင်စာဆီ
#နာရေးကူညီမှုအသင်း၊
#အခက်ခဲ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။