ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅

(၇၈) နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့ အထိမ်း အမှတ် အခမ်းအနားကို အမျိုးသားညီ ညွတ်ရေးအတိုင် ပင်ခံကောင်စီ (NUCC) ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ် ရေး အစိုးရ (NUG) တို့ကအွန်လိုင်းဖြင့် ပူးပေါင်းကျင်းပပြုလုပ်ခဲ့ပါတယ်။

ပင်လုံစာချုပ်နဲ့အတူ စစ်မှန်တဲ့ပြည်ထောင်စု မထူထောင်နိုင်ခဲ့အတွက် ပြည်ထောင်စုနေ့မှ ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့လို့ ပြောင်းလဲခေါ်ဝေါ်သတ်မှတ်ကျင်းပလာခဲ့တာ ယခုနှစ်အပါအဝင် လေးနှစ်ရှိခဲ့ပြီလို့ဆိုပါတယ်။

‘’အဓိကကတော့ ပင်လုံစာချုပ်နဲ့အတူ စစ်မှန်တဲ့ပြည်ထောင်စုကို မထူထောင်နိုင်ခဲ့တဲ့အတွက် ဒီလို ပြောင်းလဲသတ်မှတ်ပြီးတော့ ကျင်းပခဲ့တာဖြစ်တယ်၊လွန်ခဲ့တဲ့ ၇၈ နှစ်အမျိုးသားခေါင်းဆောင်ကြီးတွေက လွတ်လပ်ရေးကို အတူတကွရရယ်ခဲ့ကြပါတယ်၊ ဒါပေမယ့်လို့ ပင်လုံစာချုပ်နဲ့ ပင်လုံကတိက ဝတ်နဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မတည်ဆောက်နိုင်ခဲ့ကြဘူး၊ တကယ်တော့လွတ်လပ်ရေးရဲ့ဖွား ဖက်တော်ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ရမှာဖြစ်ပါတယ်၊ ဒါပေမယ့်လို့ အပြန်အလှန်ယုံကြည် မှုတွေနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ ပင်လုံစိတ်ဓါတ်ကို အခြေမခံတော့ဘဲနဲ့ လူမျိုးတမျိုး၊ လူတစုတစ်ဖွဲ့ တစ်ဦးတစ်ယောက်ကို ဗဟိုပြုပြီးတော့ လူမျိုးတမျိုး တစုတစ်ဖွဲ့ကောင်းစားရေးကိုအခြခံတဲ့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကိုအခြေခံပြီးတော့ တပြည်ထောင်စနစ်ကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ တည်ဆောက်ခဲ့တာဖြစ်တဲ့အတွက် လွတ်လက်ရေးရဲ့ဖွားဖက်တော်ပြည်ထောင်စုမဖြစ်ခဲ့ဘဲ ပြည်တွင်း စစ်ဖြစ်ခဲ့ရ တာဖြစ်တယ် လို့” ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနား မှာ ခွန်မြင့်ထွန်းက ပြောဆိုလိုက် တာဖြစ်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ခြင်းနဲ့အတူ ဘာတွေပျောက်ကွယ်ခဲသလဲဆိုရင် ပင်လုံစာချုပ်နဲ့ ပင်လုံကတိကဝတ်ကိုလျစ်လျူရှုပြီးပစ်ပယ်ခံရတယ် ပြီးရင် အားလုံးအတွက်အရေးကြီးတဲ့ တာဝန်ယူမှုတာဝန် ခံမှု မရှိတော့ပါဘူး လို့ဆိုပါတယ်။

ပင်လုံရဲ့အနှစ်သာရဟာ ဒီမိုကရေစီအရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ဖြစ်တယ်၊ ဒီကနေ့မှာ ဗမာအပါဝင် တိုင်းရင်းသားလူမျိုးစုံပါဝင်တဲ့ တောင်တန်းမြေပြန့်ဒေသအသီးသီးက ပြည်သူလူ ထုတစ်ရပ်လုံးဟာ ပင်လုံရဲ့နိုင်ငံရေးအနှစ်သာရကိုပိတ်ပင်တားဆီး ဖျက်စီးခဲ့နေတဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းရေး အတွက် အတူတကွ လက်တွဲတော်လှန်နေကြပြီဖြစ်တယ်၊သမိုင်းတလျောက်မှာ အကြီးကျယ်ဆုံး သော တော်လှန်ရေးကို ဆင်နွဲနေတာဖြစ်သလို ပင်လုံရဲ့အနှစ်သာရကိုအခြေခံပြီးတော့ ပြည်ထောင်စုကိုပြန်လည် တည်ဆောက်ဖို့အတွက် အကောင်းဆုံးအခွင့်အလှမ်းရရှိပြီ လို့လည်း ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအားလုံးအောင်မြင်ဖို့က တော်လှန်ရေးအင်အားစုအားလုံးရဲ့ ညီညွတ်ရေးအလံကို အမြင့်ဆုံးလွင့်တင်နိုင်ဖို့ အရေးကြီးတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

#ppv002
#​ပြည်ထောင်စုနေ့
#ပင်လုံစာချုပ်
#၇၈

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။