ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅

တောင်ကြီးမြို့ပေါ်တွင် မော်ဒယ်မြင့်ဆိုင်ကယ်များ တစ်ရက်ထဲ ၁၅ စီး အထိအခိုးခံရပြီး ပျောက်ဆုံးနေကြောင်းဒေသခံဆီမှ သိရသည်။

ရှမ််းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ နေရာဒေသ အသီးအသီး၌ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ တွင် လိုင်းစင်ပါဆိုင်ကယ်များ၊ Click နှင့် Honda ဆိုင်ကယ် အမျိုးများဖြစ်သည့် မော်ဒယ်မြင့်ဆိုင်ကယ် တစ်ရက်ထဲ ၁၅ စီးအထိ ပျောက်ဆုံးခဲ့သည်။

“ဝယ်ထားတာ နှစ်လလောက်ဘဲရှိသေးတယ် လုံးဝအသစ် စက်စက်ကြီး၊ ပွဲစားနဲ့ဝယ်ထားတာ အဲ့နေ့က မိန်းလမ်းပေါ်ကဆ်ိုင်မှာ ဘောင်ဘီသွားကြည့်တာကွာ၊ အဲ့တာနဲ့ဆိုင်ရှေ့ မိန်းလမ်း ပလက်ဖောင်းအောက်မှာ ရပ်လိုက်တာ ဆိုင်ထဲကိုဝင်တယ်ဆိုင်ကယ်ပေါ်မှာ ပိုက်ဆံအိတ်ကျန်ခဲ့လို့ ပိုက်ဆံအိတ်တောင်ပြန်ယူသေးတယ် သွားပြန်ယူပြီး ဝင်လာပြီးတော့ ကောင်တာကနေ လှန်ကြည့်လိုက်တော့ ဆိုင်ကယ် မရှိတော့ဘူး”ဟု ပြောသည်။

ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် ပျောက်ဆုံးသွားသည့် အချိန်မှာ ညပိုင်း ၄:၀၀ နာရီ အချိန် ဝန်းကျင်၌ ပျောက်ဆုံး ကြောင်းနှင့် ပျောက်ဆုံးသည့်ဆိုင်ကယ် မှာလည်း စျေးကြီးသည့် ဆိုင်ကယ်ဖြစ်ကြောင်းထိုနေ့တစ်ရက်တည်း ၁၅ စီးပျောက်ဆုံးခဲ့ကြောင်းဒေသခံတစ်ဦးကပြောသည်။

“ဟုတယ် အဲ့နေ့က တစ်ရက်ထဲကို ၁၅ စီးလောက်ပျောက်တယ် ၊အကုန်ပျောက်သွားတာဟာကလည်း Auto ဘီး တွေကြီးကြီးဘဲပြီးတော့ လိုင်းစင်တွေနဲ့ ယိုးဒယား ဘီးတွေဘဲ ပါသွားတာ တစ်ဖွဲ့ထဲဘဲထင်တယ် ၊ စျေးကြီးတာတွေဘဲပျောက်တာ” ဟု ဒေသခံတစ်ဦးကပြောသည်။

ယနေ့ ဖေဖော်ဝါရီ (၁၂)ရက်နေ့ မနက်ပိုင်းအချိန် မိန်းလမ်းပေါ်ရှိ စိုက်ပျိုးရေးရုံး မြောက်ဘက် ဒေါက်တာ စိုးစိုး ဆေးခန်း သို့ ဦးလေးတစ်ယောက် ဆေးခန်းသွားပြချိန် အပြီး ပြန်ထွက်လာချိန်၌ ၎င်း၏ ဆိုင်ကယ် Honda အမဲရောင်တစ်စီး ပျောက်သွားကြောင်းသိရပါသည်။

PPV0013
ပုံ-အွန်လိုင်း
ပျောက်ဆုံးသည့်ဆိုင်သည့်ဆိုင်ကယ်
#မှုခင်း
#တောင်ကြီးမြို့ပေါ်
#နေရာဒေသအသီးအသီး
#လိုင်းစင်ပါဆိုင်ကယ်
#Click
#Honda
#ဆိုင်ကယ်
#မော်ဒယ်မြင့်ဆိုင်ကယ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။