ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅
မန္တလေးတိုင်း မိတ္ထီလာမြို့နယ်၊ ရထပ(၁) အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ဒုတပ်ကြပ်(၁)ဦး လက်နက်နှင့်အတူ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA)ထံ အလင်းဝင်လာကြောင်း ဖေဖော်ဝါရီ(၁၂)ရက် ယနေ့တွင် ထုတ်ပြန်ထားသည်။
အလင်းဝင်လာသည့် ဒုတပ်ကြပ် မင်းခန့်ကျော်သည် (၂၀၂၄)ခုနှစ်ဖေဖော်ဝါရီလတွင် စစ်ကောင်စီမှ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် မိတ္ထီလာမြို့ ရထပ(၁) အမှတ်(၁)မှ လွိုင်ကော်မြို့အခြေစိုက် ထပရ(၇၂၂) သို့ ပို့ဆောင်ခြင်းခံကသူ ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီသည် စစ်အာဏာသိမ်းချိန်ကစပြီး ပြည်သူများကို ရိုက်နှက်ခြင်း၊ ပစ်ခတ်ခြင်း၊ မတရား ဖမ်းဆီးခြင်းများကို အကြိမ်ကြိမ် မြင်တွေ့ရသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ထံ ခိုလှုံခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်သား ဒုတပ်ကြပ်သည် G3(၁)လက်၊ ကျည်ဘောက်(၃)ခု၊ ကျည်ဆံ(၁၂၀)တောင့်ကို ယူဆောင်ကာ (KPLA -B 9425)ထံ အလင်းဝင်ရောက်လာခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(KPLA-9425)တပ်ဖွဲ့မှ လက်နက်နှင့်အတူ အလင်းဝင်လာသည့် ဒုတပ်ကြပ်ကို ငွေကျပ်သိန်း(၂၀)ပေးအပ် ချီးမြှင့်ပြီး စစ်ကောင်စီလက်အောက်ခံ အရာရှိ တပ်သားများ တော်လှန်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်း ခိုလှုံရန် တိုက်တွန်း နှိုးဆော်ထားသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မန္တလေးတိုင်း
#မိတ္ထီလာမြို့နယ်
#ရထပ(၁)
#အမှတ်(၁)
#ရှေ့တန်းအခြေချထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းမ
#ဒုတပ်ကြပ်(၁)ဦး
#ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် #KPLA
#အလင်းဝင်လာ