ခမ်းသားငေါဝ်း

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅

အောင်ပန်းတွင် သဲကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်ယာဥ်မောင်းသေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ အောင်ပန်း-တောင်ကြီးသွားလမ်း မေမြို့သူဆိုင်ရှေ့ အနီး၌ ဖေဖော်ဝါရီလ ၁၁ ရက်ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်တွင် သဲကား နှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်ယာဥ်မောင်းမှာ သေဆုံးသွားသည်။

” ကျွန်တော်တို့ရောက်တဲ့ အချိန်မှာ ဆိုင်ကယ်ကကားအောက်ရောက်နေပြီ၊ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတော့ လမ်းပေါ်မှာ၊ အမျိုးသားကတော့ ဟိုဖက်ထိလွင့်သွားတယ်၊ ဆိုင်ကယ်က ဖြတ်တက်တယ်လို့သိရတယ်၊ ကားကလည်းအရှိန်များနေတော့ တိုက်မိသွားတာ ဖြစ်တယ်” ဟု နာရေးကူညီမှုအသင်းအောင်ပန်းတာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။

ဆိုင်ကယ်ယာဥ်မောင်းမှာ ဒဏ်ရာပြင်းထန် သောကြောင့် ဆေးရုံပို့ပြီးမကြာမှီ ရရှိဒဏ်ရာဖြင့်သေဆုံးသွားကြောင်းသိရသည်။

” ဆိုင်ကယ်ပေါ်က အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက်ပါတယ်၊ ဆိုင်ကယ်မောင်းတဲ့ အမျိုးသားက ဒဏ်ရာပြင်းထန်တော့ အောင်ပန်းဆေးရုံကနေတစ်ဆင့် တောင်ကြီးစပ်စံထွန်းကို ပို့လိုက်တယ်၊ စပ်စံထွန်းဆေးရုံရောက်ပြီး မကြာဘူး ဆုံးသွားတယ်၊ အမျိုးသမီးကတော့ ဆေးရုံမှာပဲတင်ထားသေးတယ်” ဟု ၎င်း ကဆက်ပြောသည်။

အောင်ပန်းတွင် ယာဥ်တိုက်မှုမကြာခနဖြစ်ပွားနေပြီး ယာဥ်မောင်းများအနေဖြင့် သတိဝိရိယ ဖြင့်မောင်းနှင်စေလိုကြောင်း၊ ဆိုင်ကယ်မောင်းလျှင်လည်း ဦးထုပ်များဆောင်းထားသင့်ကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းက အသိပေးထားသည်။

PPV 003
ပုံ-နာရေးကူညီမှုအသင်းအောင်ပန်း
#မှုခင်း
#အောင်ပန်း
#သဲကားနှင့်ဆိုင်ကယ်တိုက်
#ဆိုင်ကယ်ယာဥ်မောင်းသေဆုံးသွား
#နာရေးကူညီမှုအသင်းအောင်ပန်း