ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅
သီပေါမြို့အဝင်မုခ်ဦးကို မူလရှမ်းပြည်အလံနှင့် ရှမ်းဘာသာစကားပါရှိသော ရှမ်းပြည်ကိုယ်စားပြုပုံစံက်ို TNLA မှ တအာင်း(ပလောင်)လူမျိုး၏ အလံနှင့် အရောင်အဖြစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ တွင် အစားထိုးပြောင်းလဲခြင်းအား ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်၊၊
ထိုသို့လုပ်ဆောင်ရာတွင် TNLA သည် ဒေသခံပြည်သူများ၏ သဘောဆန္ဒမပါရှိဘဲ လူမျိုးတစ်စုထည်းကိုသာ ကိုယ်စားပြု လုပ်ဆောင်ခဲ့သည့်အတွက် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အနေဖြင့်ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ပြင် မူဆယ်မြို့နယ်၊ စယ်လန့်ရွာရှိ ရှမ်းလူမျိုးတို့၏ အထွဋ်အမြတ် အခေါင်အချုပ် ဖြစ်သော စဝ်ဆေခန်ဖ၏ နန်းမြို့ရိုးဟောင်းကို ဘူဒိုဇာဖြင့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်တွင် ဖျက်ဆီးခဲ့သည့်အပြင် ၎င်းအချိန်တွင် လူမျိုးရေးပဋိပက္ခ မဖြစ်ပွားစေရေး ရည်သန်၍ စစ်ရေးနည်းလမ်းအစား ငြိမ်းချမ်းစွာဖြင့် ဆွေးနွေး ဖြေရှင်းသည့်နည်းလမ်းကို ရှမ်းအဖွဲ့အစည်းအသီးသီးက ဆောင်ရွက်ခဲ့ကြောင်း ဆိုထားသည်။
TNLA ၏ ၎င်းလုပ်ဆောင်ချက်သည့် ဒေသခံ ပြည်သူတို့၏ ဆန္ဒသဘောထားကို မထီမဲ့မြင်ပြုခြင်း၊ လက်ရှိတော်လှန်ရေး ၏ ဦးတည်ချက်များနှင့် ဆန့်ကျင်ကွဲလွဲနေခြင်း တို့ကြောင့် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အနေဖြင့် TNLA ၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းဖော်ပြထားသည်။
(TNLA) အနေဖြင့် မူလပုံစံ အတိုင်းပြန်လည်ထားရှိစေရန်နှင့် ဒေသခံပြည်သူများအပေါ် လူ့အခွင့်ရေးချိုးဖောက်မှု ဆက်တိုက်ကျူးလွန်နေသည်ကိုလုံးဝရပ်တန့်ပေးရန် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီက တောင်းဆိုထားသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#သီပေါမြို့အဝင်မုခ်ဦး
#ရှမ်းဘာသာစကားပါရှိသောရှမ်းပြည်ကိုယ်စားပြုပုံစံ
#TNLA
#အစားထိုးပြောင်းလဲခြင်း
#ရှမ်းအရပ်ဖက်အင်းအားစုများကကန့်ကွက်