………………………………………….
ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅
မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးအလုံး(၂၀)ခန့် ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၅)ဦး သေဆုံးပြီး (၁၉)ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖေဖော်ဝါရီ(၁၀)ရက်မှာ TNLA ထုတ်ပြန်ထားသည်။
မိုးကုတ်မြို့ အနောက်ပိုင်းတွင်ဖေဖော်ဝါရီလ(၁၀)ရက် ညသန်းခေါင်ယံအချိန်၌ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ အမျိုးသား(၅)ဦး သေဆုံးပြီး အမျိုးသမီး(၅)ဦးနှင့် အမျိုးသား(၁၄)ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဆိုထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၆)ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချိုမြို့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သပြေတောင် ဘုရားကုန်းပေါ်ရှိ ဘိုးဘွားရိပ်သာ စခန်းများ ပျက်စီးပြီး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA ထုတ်ပြန်ထားသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မိုးကုတ်မြို့
#လေကြောင်းဖြင့်ဗုံးကြဲ
#TNLA
#သန်းခေါင်ယံအချိန်
#ပြည်သူနေအိမ်များ