ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅
အင်းလေးတောင်ဘက်ခြမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာ နေသဖြင့် ဒေသခံပြည်သူများ နီးစပ်ရှာဒေသသို့တိမ်းရှောင်နေရကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ ၊ အင်းလေးဒေသ ဘုရားတောင် တောင်ဘက်ခြမ်းရှိ ဒေသတွင် စစ်ကောင်စီက နေ့စဉ်လက်နက်ဖြင့်ပစ်ခတ်နေမှုကြောင့် ဒေသခံများနီးစပ်ရာသို့ တိမ်ရှောင်နေရသည်။
“လမ်းပိတ်ထားရင် မသွားရဘူးပေါ့ လမ်းဖွင့်ရင် သွားလို့ရတယ် ကုန်းလမ်းကလည်းပိတ်ထား ရေလမ်းကလည်း တစ်ရက်ဖွင့်ပေးလိုက် ၊ နှစ်ရက်သုံးရက်ပိတ်လိုက်နဲ့ ရေလိုင်းဘက်လည်းတောင်ဘက်သွားလို့အဆင်မပြေဘူးကော ဘုရားတောင်နဲ့ စံကား အဲ့လောက်သွားရတယ်”ဟုဒေသခံတစ်ဦးကပြောသည်။
ညောင်ရွှေမြို့နယ်၊ ဘုရားတောင် တောင်ဘက်၌ လက်နက်ကြီးများ ကျရောက်သဖြင့် ဒေသခံများ ကြောက်လန့်ရသဖြင့် နီးစပ်ရာ ဒေသသို့တိမ်ရှောင်နေရသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်၌ ညောင်ရွှေမြို့ စံကားအင်းအနောက်ခြမ်းရှိ ရေပူရွာကို လက်နက်ကြီး (မီးလောင်ဗုံး) ဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူနေအိမ် ၁ လုံး မီးကူးစက်လောင် ကျွမ်းသွားကြောင်းသိရသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#ဘုရားတောင်နှင့်တောင်ဘက်ခြမ်း
#နေ့စဉ်လက်နက်ဖြင့်ပစ်ခတ်နေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။