ခမ်းသားငေါဝ်း – The People’s Voice
အချက်အလက်စစ်ဆေးခြင်း – Fact Checking
ညောင်ရွှေမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO နှင့် အင်းလေးတော်လှန်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေမှုကို အသုံးချပြီး စစ်ကောင်စီဝါဒဖြန့်လော်ဘီတို့မှ ပြည်သူလူထုကို သတင်းအမှားများ ထပ်မံရေးသားဖြန့်ဝေနေပါသည်။ ဝါဒဖြန့် ရေးသားဖြန့်ဝေမှုမှာ “အကြမ်းဖက်သောင်းကျန်းသူတွေ ထီခိုးကျေးရွာထဲ ဝင်ရောက်နေထိုင်ပြီး လူနေအိမ်အချို့ကို မီးရှို့ဖျက် ဆီး” ကြောင်း ထီခိုးကျေးရွာ (ရေပူကျေးရွာ) နေအိမ် မီးရှို့ခံရသည့် ဓာတ်ပုံနှင့် တယ်လီဂရမ်ချာနယ်မှာ ဖြန့်ဝေနေပါသည်။ “အကြမ်းဖက်သောင်းကျန်းသူ” အရေးအသားသည် စစ်ကောင်စီမှ တော်လှန်ရေး တပ်ဖွဲ့များကို ရည်ညွန်း သုံးနူန်းထားသည့် အခေါ်အဝေါ်တစ်ခု ဖြစ်ပါသည်။
ထိုအကြောင်းအရာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်၏ လော်ဘီ ခွန်ဆန်းအောင် ဖန်တီးထားသည့် “REGION (6)” တယ်လီဂရမ်အကောင့်တစ်ခုမှ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရေးသားဖြန့်ဝေထားပါသည်။ ထိုဖြန့်ဝေမှုကို ခမ်းသားငေါဝ်းအချက်လက်စစ်ဆေးနေချိန်၌ ကြည်ရှု့သူ ၁၉၇ ဦး လိုက်နဲ့ ရီလ်အက် ပြုလုပ်သူ ၅ ဦးအထိ ရှိနေပြီး ဖြစ်ပါသည်။
သတင်းအမှား ဖြန့်ဝေသည့်လင့်- https://archive.ph/8GHmg
ဝါဒဖြန့်သူ တင်ထားသည့် ပုံကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးခြင်းအဖွဲ့မှ Reverse Image Search ကို အသုံးပြုပြီး ဓာတ်ပုံကိုစစ်ဆေးကြည့်ရာတွင် ထီခိုးကျေးရွာနေအိမ် မီးရှို့ဖျက်ဆီးခံရသည်မှာ မှန်ကန်မှုရှိသော်လည်း “တော်လှန်ရေးတပ်ဖွဲ့က လူနေအိမ်ကို မီးရှို့ဖျက်ဆီးတယ်” ဆိုသည့် ရေးသား ဖြန့်ဝေမှုသည် သတင်းအမှားဖြစ်နေကြောင်းကို စစ်ဆေးတွေ့ရှိရပါသည်။ မူရင်းပုံကို အင်းလေးဒေသ လူ့အခွင့်အရေး အဖွဲ့မှ တင်ထားသည့် ဓာတ်ပုံဖြစ်ပြီး ဖြတ်ညှပ်ကပ်ပြန်လုပ်ကာ ပြန်လည်ဖြန့်ဝေထား ခြင်းကို တွေ့ရှိရပါသည်။
သတင်းစစ်ဆေးချက်
ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်ဝန်းကျင်တွင် ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို စစ်ကောင်စီက မီးလောင်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၁ လုံး မီးလောင်ပျက်ဆီး ခဲ့ကြောင်းကို ခမ်းသားငေါဝ်းသတင်းဌါနမှ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရေးသားဖော်ပြထားပါသည်။ အင်းလေးဒေသ လူ့အခွင့်အရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်မှာ ” မီးလောင်ဗုံးအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်။ လူထိခိုက်မှုတော့မရှိဘူး၊ နေအိမ် ၁ လုံးတော့မီးလောင် ပျက်စီးသွား တယ်၊ တော်လှန်ရေးရဲဘော်တွေ မီးအမြန်ဝိုင်းငြိမ်းလိုက်တော့ တခြားအိမ်ကိုမီးကူးသွားတာမျိုးမရှိဘူး” ဟု ခမ်းသားငေါဝ်းကိုပြောထားပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရန်လင့် – https://www.facebook.com/share/p/19omZhj8pW/
စစ်ကောင်စီနှင့် လက်အောက်ခံ PNA ပြည်သူ့စစ်တို့က ဖေဖော်ဝါရီလ ၇ ရက် ၊ ညနေ ၃ နာရီ အချိန်တွင် ညောင်ရွှေမြို့ စံကားအင်းအနောက်ခြမ်း မှနေ၍ လက်နက်ကြီး (မီးလောင်ဗုံး) ဖြင့် ရေပူကျေးရွာကို ထပ်မံတိုက်ခိုက်ခဲ့သည့်အတွက် အဆိုပါ မီးလောင်ဗုံးကျရောက်ပေါက်ကွဲရာမှ ပြည်သူနေအိမ် ၁ လုံး မီးကူးစက်လောင် ကျွမ်းသွားခြင်းဖြစ်ကြောင်း အင်းလေးလူထု လှုပ်ရှားမှု့မှ ဒေသခံ စကားသံနှင့်အတူ ရေးသားထားမှုကို တွေ့ရပါသည်။
အပြည့်အစုံဖတ်ရန်လင့်-https://www.facebook.com/share/r/1HQP8yfosg/?mibextid=wwXIfr
ရေပူကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ PNA ပြည်သူ့စစ်တို့က ညောင်ရွှေမြို့စံ ကားအင်း အနောက်ကမ်းမှနေ၍ လက်နက်ကြီး (မီးလောင်ဗုံး)ဖြင့် ပစ်ခတ်ရာမှ လူထိခိုက်မှုမရှိ သော်လည်း ပြည်သူနေအိမ် ၁ လုံး မီးလောင်ပြီး မီးကူးသွားသည့်အတွက် နေအိမ်ထိခိုက် ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်းကို The Human Right of Inle Region – အင်းလေးဒေသလူ့အခွင့်အရေး အဖွဲ့မှ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရေးသားထားပါသည်။
ဖတ်ရှု့ရန် လင့် – https://www.facebook.com/share/p/1CZq4ur3Cw/?mibextid=wwXIfr
လွတ်လပ်ပြီး ယုံကြည်စိတ်ချရသည့် ဒေသခံ စကားသံ၊ ဒေသခံ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာ တို့၏ ဖော်ပြချက်အရ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့မှ လက်နက်ကြီးမီးလောင် ဗုံးဖြင့် ပစ်ခတ်ခြင်းကြောင့် ထီခိုး (ရေပူကျေးရွာ) နေအိမ်တစ်လုံး မီးလောင်းဆုံးရှုံးမှု ခံရကြောင်း ရေးသားဖော်ပြထားတာကို တွေ့ရှိရပါတယ်။
သုံးသပ်ချက်
ညောင်ရွှေမြို့နယ်ရှိ ထီခိုး (ရေပူကျေးရွာ) နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးသွားသည့် ဖြစ်စဥ်မှာ မှန်ကန် ပါသည်။ စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်တို့ စံကားအင်းအနောက်ခြမ်းမှနေပြီး ရေပူကျေးရွာကို လက်နက်ကြီး (မီးလောင်ဗုံး) ဖြင့် ပစ်ခတ်ရာမှ ပြည်သူနေအိမ် မီးလောင်ဆုံရှုံး သွား ကြောင်း စိစစ်တွေ့ရှိရပါသည်။ ထို့ကြောင့် ဝါဒဖြန့်ဝေသူ ရေးသားထားသကဲ့သို့ တော်လှန်ရေး တပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးလိုက်သည့် အကြောင်းအရာမှာ သတင်းအမှား ဖြစ်ပါတယ်။
သတိပြုရန်
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါန မှ သတင်းများကိုဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။ ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့လ်ဘွတ် (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
#သတင်းတုသတင်းမှား
#factcheck