ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်နီရွာအထွက် ဗိုလ်အောင်ဒင် ဓါတ်ဆီဆိုင်ကို ဖေဖော်ဝါရီ လ ၁၁ ရက် တွင် မီးလောင်မှု ဖြစ်ပွားကြောင်း ကနဦး သိရသည်။

ဖြစ်စဉ်မှာ ဗိုလ်အောင်ဒင် ဓါတ်ဆီဆိုင် ရှေ့တွင် ရပ်ထားသော ဆီတင် မော်တော်ယာဉ်မှ တဆင့် မီးလောင်ကျွမ်းခြင်း ဟု ယူဆရပြီး မော်တော်ကား နှင့် ဓါတ်ဆီဆိုင် မီးလောင် ပေါက်ကွဲနေသော ရုပ်သံ ကိုလည်း လူမှုကွန်ရက်တွင် မြင်ရသည်။

“အခုက နွေရာသီ ရောက်ခါနီး မီးလောင်မှု တွေ ဖြစ်လာပြီ။ မီးဘေး အန္တရာယ် ကို ဂရုစိုက်ကြဖို့ လိုပါတယ်။”ဟု ရွှေညောင် ဒေသခံ တစ်ဦးက ဆို သည်။

ထိုဖြစ်စဉ်နေရာသို့ တောင်ကြီးမြို့မှ မီးသတ်ကားများက ၁၀ နာရီ ၄၅ မိနစ် ခန့် အချိန်တွင် ပြေးဆင်း သွားပြီး အခင်းဖြစ်နေရာသို့ မီးသတ်ကားများ ရောက်ရှိလာပြီး ချက်ချင်း မီးငြိမ်းသတ်ခဲ့ကြောင်းသိရသည်။

မီးလောင်မှု ကြောင့် လူ၊ သူတိရိစ္ဆာန် ထိခိုက်မှု နှင့် ဆုံးရှုံးမှုအသေးစိတ်ကို ခမ်းသားငေါဝ်း မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

#PPV-006
#မှုခင်း
#တောင်နီ
#မီးလောင်မှု
#ဗိုလ်အောင်ဒင်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။