ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅
ရွာငံမြို့နယ်ရှိ တောကျယ်ရေပြာစမ်းရေတံခွန်သို့ ကားဖြင့် ရေတံခွန်ရှိရာအောက်အထိဆင်းပါက ကားဆင်းခနှစ်သောင်း ပေးရကြောင်းခရီးသွား ဝန်ဆောင်မှု ပေးသူတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့တောကျယ်ကျေးရွာရှိ ရေပြာစမ်း ရေတံခွန်သည် ယခုနှစ်တွင် ပြန်လှန်ဖွင့်လှစ်ခဲ့ရာ ရေတံခွန်အောက်ထိ ကားဖြင့် ဆင်းလို့ရပြီဖြစ်ကြောင်းနှင့် ကားဖြင့်ဆင်းပါက နှစ်သောင်းပေးဆောင်ရသည်။
“ကားနဲ့ဆင်းရင် ကားဆင်းခ နှစ်သောင်းပေးရတယ်ဗျ၊ လူဝင်ကြေးကသပ်သပ် ကားဝင်ကြေးကသပ်သပ်၊ အောက်ထိမဆင်းချင်ရင် အပေါ်ကားပါကင်မှာ ရပ်ခဲ့မယ်ဆိုရင် နှစ်ထောင် ၊ ကားဆင်းရတာကလွယ်တယ် ကွန်ကရစ် လမ်းတွေခင်းထားတော့ လမ်းကြေးပုံစံလိုမျိုးဖြစ်သွားတာပေါ့”ဟု ခရီးသွားဝန်ဆောင်မှု ပေးသူတစ်ဦးမှပြောသည်။
လူဝင်ကြေးခ အနေဖြင့် တစ်ဦးကို (၁၀၀၀) ကျပ် ၊ ဆိုင်ကယ်ရပ်ခ (၁၀၀၀)ကျပ်၊ ကားရပ်ခ (၂၀၀၀) ကျပ်နှင့် ရေတံခွန်အထိ ကားဖြင့်ဆင်းပါက (၂၀,၀၀၀)ကျပ် ပေးရကြောင်းသိရပါသည်။
တောကျယ်ရေပြာစမ်း ရေတံခွန်သည့် ပြီးခဲ့သည့် နှစ်တွင် ရေတံခွန် အထိ ကားဖြင့် ဆင်းမရ၍ လမ်းလျှောက် ဆင်းရပြီး ယခုနှစ်တွင် ရေတံခွန်အထိ အဆင်းလမ်းကို ကွန်ကရစ် လမ်းအဖြစ် ပြုလုပ်ပေးထားသဖြင့် လမ်းကြေး အနေဖြင့် ကောက်ခံကြောင်းသိရပါသည်။
PPV0013
ပုံ-Crd
#လူ့အခွင့်အရေး
#ရွာငံမြို့နယ်
#တောကျယ်ရေပြာစမ်းရေတံခွန်
#ကားဖြင့်ရေတံခွန်ရှိရာအောက်အထိဆင်း
#ကားဆင်းခနှစ်သောင်းပေးရ