ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၈၊၂၀၂၅

ညောင်ရွေမြို့နယ်၊ ရေပူကျေးရွာကို စစ်ကောင်စီက မီးလောင်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်၍ နေအိမ် ၁ လုံးမီးလောင်ပျက်စီးသွားခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ရေပူကျေးရွာအုပ်စု၊ ရေပူကျေးရွာကို ဖေဖော်ဝါရီလ ၇ ရက်နေ့ည ၃ နာရီအချိန်ခန့်တွင် ညောင်ရွေမြို့ စံကားအင်းအနောက်ဖက်ကမ်းမှ နေ၍ စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က လက်နက် ကြီး( မီးလောင်ဗုံး) ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၁ လုံးမီးလောင်ပျက်စီးသွားသည်။

” မီးလောင်ဗုံးအသုံးပြုပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်၊ လူထိခိုက်မှုတော့မရှိဘူး၊ နေအိမ် ၁ လုံးတော့မီးလောင်ပျက်စီးသွားတယ်၊ တော်လှန်ရေးရဲဘော်တွေ မီးအမြန်ဝိုင်းငြိမ်းလိုက်တော့ တခြားအိမ်ကိုမီးကူးသွားတာမျိုးမရှိဘူး” ဟု အင်းလေးဒေသလူ့အခွင့်အရေးတာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

အဆိုပါရေပူကျေးရွာသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်နေရာဖြစ်သောကြောင့် စစ်ကောင်စီက ပစ်မှတ်ထားကာ လေယာဥ်၊ လက်နက် ကြီးဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်နေ ကြောင်း ၎င်း ကဆက်ပြောသည်။

ပြီး ခဲ့ဝည့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင်လည်း ရေပူကျေးရွာ နှင့် အနီးတစ်ဝိုက်ကို စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က လက်နက်ကြီး ၂၂ လုံးပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံးထိခိုက်ပျက်စီးသွားခဲ့သည်။

#PPV 003
#Humanright
#ရေပူ
#မီးလောင်ဗုံး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။