ခမ်းသားငေါဝ်း

ဖေဖော်ဝါရီ ၉၊ ၂၀၂၅

ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာအုပ်စုတွင် စစ်ကောင်စီမှ စစ်ဆေးခြင်းများပြုလုပ်နေခြင်းကြောင့် ဒေသခံပြည်သူများအခက်အခဲကြုံတွေ့နေရကြောင်း ဖေဖော်ဝါရီ ၉ ရက်တွင် ဒေသခံထံကသိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာအုပ်စုတွင် ဒေသခံပြည်သူများ ဈေးသွားသုံးခြင်း၊ တောင်ယာသွားခြင်းတို့တွင် စစ်ကောင်စီ၏ စစ်ဆေးခြင်းများခံရလျှက်ရှိသည့်အတွက် အခက်အခဲကြုံနေရသည်၊၊

“ရွာပြင်ထွက်တာ တောင်ယာသွားတာနဲ့ကို အနီအဖွဲ့ကို စရိတ်သွားထောက်ပံ့တာ ဟိုဘက်အဖွဲ့ကလူဆိုပြီး စွပ်စွဲတာတွေရှိတယ် သူတို့ကိုကြောက်နေရတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြော သည်၊၊

လက်ရှိတောင်ရှေ့ကျေးရွာအုပ်စုတွင် ရေရှားပါးနေသဖြင့် ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ဇဝနာရာမ စာသင်တိုက်ဆရာတော် ဦးဆောင်ပြီး ရေရရှိရန် နောင်ကမ်းပုဲင်းမှသွယ်ယူစဥ် တောမီးကြောင့်ရေပိုက်များ မီးမလောင်ရန် ရွာသားများအား အကူညီတောင်းသည့်အခါ မသွားရဲကြဘဲ အများကောင်းကျိုးအတွက် ဆရာတော်မှအကူညီတောင်းပြီး ခိုင်းထားခြင်း ဖြစ်သည့်အကြောင့် စာထုတ်ပြန်ထားသည်၊၊

“တရွာနဲ့တရွာ သာရေးနာရေးတောင်မသွားရဲကြဘူး သူတို့နဲ့တွေ့ရင် အရမ်းစစ်တာလေ ဆရာတော်အတွက်ဆိုအားလုံးအဆင်သင့်ရှိပြီးသား ဆရာတော်ကအများပြည်သူအကျိုးတွက်လုပ်တာလေ ဟိုအဖွဲ့ကစစ်ဆေးတာတွေ ဖမ်းမှာတွေကြောက်ရတယ် အဲဒါကြောင့်ဆရာတော်ကစာထုတ်ပေးတာဖြစ်မယ်”ဟု ၄င်းကဆက်ပြောသည်၊၊

လက်ရှိအချိန် ဆီဆိုင်မြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိသော်လည်း စစ်ကောင်စီမှ တော်လှန်ရေးတပ်ဖွဲများမရှိသော်လည်း လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ပစ်ခတ်နေခြင်းများရှိသလို ဒရုန်းနှင့်လည်း ပစ်ခတ်နေခြင်းများရှိနေကြောင်း သိရသည်၊၊

PPV001
ပုံ-အွန်လိုင်း
#ဆီဆိုင်မြို့နယ်
#တောင်ရှေ့ကျေးရွာအုပ်စု
#စစ်ဆေးခြင်းများပြုလုပ်
#ဈေးသွားသုံးခြင်း
#တောင်ယာသွားခြင်း
#လက်နက်ကြီး
#ဒရုန်း