ခမ်းသားငေါဝ်း

ဖေဖော်ဝါရီ ၆၊ ၂၀၂၅

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်မှ ပြဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့်သွားသည့် မြန်မာလူငယ်(၈)ဦး ထိုင်းနိုင်ငံ မဲဆောက်ခရိုင်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

တရားမဝင်လမ်းကြောင်းဖြင့်သွားသည့် မြန်မာလူငယ်များသည် ဖေဖော်ဝါရီ(၆)ရက် နံနက်(၁)နာရီဝန်းကျင်တွင် မြန်မာနိုင်ငံဖက်မှ ပြောင်းသယ်သည့်ကားကြီးဖြင့် ပုန်းအောင်း လိုက်ပါသွားစဥ် အမျိုးသား(၆)ဦး၊ အမျိုးသမီး(၂)ဦးတို့ကို မဲဆောက်ခရိုင် ရဲတပ်ဖွဲ့ဝင်များနှင့် အထူးရဲအဖွဲ့မှ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေစဉ် ဖမ်းဆီးရမိခဲ့သည်။

” တို့နိုင်ငံအခြေအနေကြောင့် ရရာလမ်းနဲ့ ခက်ခက်ခဲခဲသွားကြတာ။ ဒီမှာနေပြန်တော့လည်း စစ်မှုထမ်းဥပဒေကြောင့် ပူပန်ရပြန်တယ်။ သွားပြန်တော့လည်း တရားဝင်လမ်းကြောင်းနဲ့က မရပြန်။ အောက်လမ်းနှင့် သွားပြန်တော့ အခုလိုဖမ်းဆီးခံမိပြန် တစ်ပူပေါ်တစ်ဆင့်။ ဒုက္ခမျက်ရည်တွေနဲ့ပါ” ဟု ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်သွားသည့် မိခင်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ထရပ်ယာဉ်ပေါ် တာပေါ်လင်ဖြင့် ဖုံးအုပ်ကာ တရားမဝင်လိုက်ပါသွားသည့် မြန်မာနိုင်ငံသား(၈)ဦးသည် မဲဆောက်မှ စမူပရာကန် ပြည်နည်သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် သွားကြသူများ ဖြစ်ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့မှ ယာဉ်မောင်းအား ဖမ်းဆီးခဲ့ပြီး အလုပ်လုပ်ကိုင်ရန် သွားကြသည့် လူငယ်များကို မဲဆောက်ရဲစခန်းမှူးထံ ပို့ဆောင်ကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းကို တားဆီးသည့် စီမံချက်ဖြင့် အစစ်အဆေး များနေပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် သွားကြသည့် မြန်မာလူငယ်များ မကြာခဏ ဖမ်းဆီးခံနေရကြောင်း သိရသည်။

PPV0011
ပုံ-Crd
#လူ့အခွင့်အရေး
#စစ်အာဏာရှင်
#စစ်မှုထမ်းဥပဒေ
#ထိုင်းနိုင်ငံ
#တရားမဝင်လမ်းကြောင်း
#မြန်မာလူငယ်
#မဲဆောက်ခရိုင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။