ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၅၊ ၂၀၂၅
အောင်ပန်းတွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်ပန်း ထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ မင်္ဂလာရပ်ကွက်၊ မင်္ဂလာကန် အရှေ့မြောက်ဖက် စိန်ပန်းပင်ပေါ်၌ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက် ၅ နာရီခန့်အချိန်တွင် မင်္ဂလာရပ်ကွက်နေ အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သည်။
”မိသားစုတွေကတော့ ဆက်သွယ်လာပြီ၊မင်္ဂလာရပ်ကွက်ကပါပဲ၊ အဓိကကတော့အရက်ကြောင့်လို့ပဲခန့်မှန်းရပါတယ်၊ လောလောဆယ်တော့ အောင်ပန်းဆေးရုံ ရင်ခွဲရုံမှာပဲထားပါတယ်” ဟု နာရေးကူညီမှုအသင်းအောင်ပန်း၏ တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ပြီးခဲ့သောဇန်နဝါရီလ ၅ ရက်နေ့တွင်လည်း အောင်ပန်းမြို့၊မြို့ဟောင်းရပ်ကွက် တွင် အသက် ၃၈ နှစ်အရွယ်အမျိုးသား ၁ ဦးနေအိမ်ထုတ်တန်း ၌ ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့သည်။
PPV003
ပုံ-နာရေးကူညီမှုအသင်းအောင်ပန်း
#မှုခင်း
#အောင်ပန်းမြို့
#မင်္ဂလာရပ်ကွက်
#မင်္ဂလာကန်
#စိန်ပန်းပင်ပေါ်
#အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။