ခမ်းသားငေါဝ်း
ဇန်နဝါရီ ၅၊ ၂၀၂၅

စားအုန်းဆီ ရည်ညွှန်းစျေးနှုန်း ကျဆင်းသော်လည်း ရှမ်းပြည်တောင်ပိုင်းတွင် တက်စျေးဖြင့်​ ရောင်းချနေကြောင်း ကြား သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ စားအုန်းဆီ ရောင်းချသော သတ်မှတ်အရောင်းဆိုင်များတွင် စားအုန်ဆီ တစ်ပိဿာ (၈၂၀၀) ကျပ် ဖြင့် ရောင်းချနေသည်မှာ ၂၀၂၄ ခုနှစ် ထဲက ဖြစ်ပြီးမြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ထုတ်ပြန်ချက်အရ ယခင်တစ်ပတ် ရည်ညွှန်းစျေး ၇၂၄၅ ကျပ် ဖြစ်သဖြင့် ၈၀ ကျပ် စျေးလျော့ပါကြောင်း ၊ တစ်ပိဿာ ငွေကျပ် ၇၁၆၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် စားအုန်းဆီဝယ်ယူခွင့် စာအုပ်ရှိသူကိုသာ ရောင်းချပေးခြင်းဖြစ်ပြီး ၊ စာအုပ်ပြုလုပ်ရန် အိမ်ထောင်စု စာရင်းမူရင်း ၊ မှတ်ပုံတင်မူရင်း တို့ဖြင့် ပြုလုပ်ရခြင်း ဖြစ်ပြီး စာအုပ်ဖြင့် ၁၅ ရက် လျှင် တစ်ပိဿာနှုန်းနှင့် တစ်လ နှစ်ပိဿာ ဝယ်ယူရခြင်း ဖြစ်ကြောင်း သိရသည်။

“ အစ်မတို့က ဝယ်လို့ မရသေးဘူး။ ဒီချိန်ထိ စားအုန်းဆီ ဝယ်ခွင့်မရဘူး။ အရောင်းဆိုင်မှာ မေးတာ စစ်ဘေးရှောင် လားလို့မေးတယ်။ ဒီရပ်ကွက် အတွက် မရောင်းပေးနိုင်သေးဘူး ပြောတယ်။ မြေပဲဆီ ကိုပဲ စျေးကြီးပေး ဝယ်စားနေရတယ်။”ဟု ရပ်ကွက်နေ ပြည်သူ တစ်ဦးကပြောသည်။

စားအုန်းဆီ ဝယ်ယူခွင့် မရသူများသည် အရောဆီ ဟု ခေါ်ဆိုသော စားအုန်းဆီများကို တစ်ပိဿာ လျှင် တစ်သောင်းငါးထောင်ကျပ် အထိ စျေးနှုန်း ပေးဝယ်နေရခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် စျေးကွက်နှင့်စျေးနှုန်း ဖြစ်ပေါ်မှုများအရ ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းစျေးနှုန်း စားအုန်းဆီတစ်ပိဿာလျှင် ၇၁၆၅ ကျပ်ဖြစ်ပြီး ယခင်အပတ်ထက် တစ်ပိဿာလျှင် ကျပ် ၈၀ ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးထုတ်ပြန်ချက်အရ သိရသည်။

#PPV-006
#စားအုန်းဆီ
#Taunggyi

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။