ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၄၊၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်း မြို့တွင် ဖေဖော်ဝါရီလ ၃ ရက် တစ်ရက်အတွင်း မော်တော်ကားနှင့် ဆိုင်ကယ်မတော်တဆ တိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေး အသင်းထံမှ သိရသည်။

“ လူနာက မစိုးရိမ်ရဘူး။ ဆိုင်ကယ်နဲ့ ကားနဲ့ တိုက်တာ တစ်ရက်ထဲ ၂ ကြိမ် ဖြစ်သွားတယ်။ မနက်ပိုင်း ၁၁ နာရီ ဝန်းကျင် ဟိုက်ဂျက် နဲ့ ဆိုင်ကယ်၊ ညပိုင်း (၈) နာရီ ဝန်းကျင် လောက် တစ်ကြိမ် ဖြစ်တယ်။ လူနာတွေက ဘယ် ဘက် ခြေထောက် နဲ့ လက် ပဲ နည်းနည်းပဲ ထိပြီး မစိုးရိမ်ရပါဘူး” ဟု အောင်ပန်းနာရေး ကူညီမှု အသင်း တာဝန်ရှိသူက ဆိုသည်။

ပထမ ဖြစ်စဉ်သည်မနက်ပိုင်း (၁၁) နာရီ ဝန်းကျင် အချိန်ခန့် အောင်ပန်း-ကလောသွားလမ်း denko စက်သုံးဆီအရောင်းဆိုင်ရှေ့ အနီးလမ်းမ၌ Hijet မော်တော်ကား နှင့် ဆိုင်ကယ်တို့ တိုက်မိ၍ ထိခိုက်ဒဏ်ရာရလူနာဆိုင်ကယ်ယာဥ်မောင်းအား အောင်ပန်းဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒုတိယ ဖြစ်စဉ်သည် ညပိုင်း အချိန်အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက် အိုးစည်တောင် အနီးလမ်း၌ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်တိုက်မိ၍ထိခိုက်ဒဏ်ရာရလူနာ ဆိုင်ကယ်ယာဥ်မောင်းအားအောင်ပန်းဆေးရုံ သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း အောင်ပန်း နာရေးကူညီမှု အသင်းထံမှ သိရသည်။

#PPV-006
#မှုခင်း
#အောင်ပန်း
#မတော်တဆ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။