ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၄၊ ၂၀၂၅
တောင်ကြီးမြို့ ၊ ဖာမွန်းကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူ့များ နေရပ်သို့ပြန်ရန် ခက်အခဲများစွာရှိသဖြင့် ပြန်သူနည်းပါးနေကြောင်း ဒေသခံဆီတစ်ဦးမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖာမွန်းစံပြကျေးရွာအုပ်စုတွင်း၌ နေထိုင်ကြသည့် ကယား(ကရင်နီ)နှင့်ပင်လောင်းဘက်မှ စစ်ဘေးရှောင်တချို့သည် ၎င်းတို့၏ နေအိမ်များ မီးရှို့ခံရသဖြင့် နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။
“တချို့ရပ်ကွက်တွေ မိုင်းမရှင်းရသေးတာရယ် အိမ်မီးလောင်ပျက်စီးလို့နေမရတာရယ် လုပ်ကိုင်စားသောက်ဖို့ခက်ခဲပြီး လမ်းပန်းဆက်သွယ်ရေးအဆင်မပြေလို့ ရွာတွေဘက်ဆိုလုံးဝပြန်လို့မရပါဘူး” ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
လွိုင်ကော်မြို့တွင်း၌ နေထိုင်သည် ကယား(ကရင်နီ)စစ်ရှောင်ပြည်သူ့များသည် နေရပ်ပြန်ရသော်လည်း ကျေးရွာအတွင်း၌ နေထိုင်ရန်အခက်ခဲရှိသဖြင့် ပြန်၍အဆင်မပြေကြောင်း ၎င်းကဆက်ပြောသည်။
ထို့ပြင် ပအ်ုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်လောင်းမြို့မှ စစ်ရှောင်လာကြသည့် နောင်တရား၊ နောင်ဝိုး၊ လင်ခန်၊ လွယ်ကျိုင်း၊ ဗန်းမောက်ရွာမှ စစ်ဘေးရှောင်များလည်း ပြန်မနေရဲသေးကြောင်း သိရသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#ဖာမွန်းကျေးရွာ
#စစ်ဘေးရှောင်ပြည်သူများ
#နေရပ်သို့ပြန်ရန်ခက်အခဲများစွာရှိ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။