ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၊၂၀၂၅

အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်တိုက်ခိုက်သည့် ရှမ်း၊ ကရင်နီနယ်စပ်ရှိ MOD လက်အောက်မှ ရှမ်းတောင်တပ်ရင်းနှစ်ခုသည် MOD အောက်မှနှုတ်ထွက်လိုက်ကြောင်း ထုတ်ပြန်ကြေငြာလိုက်သည်။

MOD ၏ စစ်ဘက်ဆိုင်ရာကျင့်ဝတ် (COC) ဖြင့် လှုပ်ရှားနေသည့် အမှတ် (၁၀၀၅) တပ်ရင်း (SSPDF) နှင့် အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့ က MOD အောက်မှနုတ်ထွက်ခြင်းဖြစ်သည်။

“ယနေ့တော်လှန်ရေး၏ အပြောင်းအလဲများ၊ မြေပြင်၏အခြေအနေများနှင့် မိမိတို့၏အခက်အခဲများကြောင့် MOD ၏ စစ်ရေး COC အောက်တွင်ရှိသော အမှတ်(၁၀၀၅)တပ်ရင်း(SSPDF)၊ အမှတ် (၁၀၀၈)တပ်ရင်း(SSRY) နှင့် MOD ၏ စစ်ရေး COC အောက်တွင်မရှိသော ရှမ်းတောင်ဒေသခံတော်လှန် ရေးတပ်ပေါင်းစု (SSLRU) တို့ပူးပေါင်း၍ အခြားစုဖွဲ့မှုပုံစံတစ်ခုဖြင့် တော်လှန်ရေးပြီးဆုံးသည်အထိ လက်နက်ကိုင်တိုက်ပွဲဝင်သွားမည်”ဟုပြောဆိုထားသည်။

သဘောထားကြီးစွာဖြင့် နှုတ်ထွက်ခွင့်ပေးသည့် MOD အား ကျေးဇူးတင်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် (၃)နှစ် ကျော်ကာလအထိ လက်နက်ကိုင်တော်လှန်ခဲ့​ကြောင်းပြောဆိုသည်။

တပ်ရင်းတပ်ဖွဲ့၏စုဖွဲ့မှုပုံစံအသစ်ကို အချိန်ကာလတစ်ခုတွင် ပြည်သူလူထုသို့ အသိပေးထုတ်ပြန်ကြေငြာသွားမည်ဟုပြောဆိုထားသည်။

#ppv002
#စစ်ကောင်စီ
#NUGMOD
#နှုတ်ထွက်
#တော်လှန်ရေး
#ရှမ်းတောင်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။