ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၊ ၂၀၂၅
တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် အမျိုးသမီးစစ်မှုထမ်းစာရင်းကောက်ယူရန် အုပ်ချုပ်ရေးမှူးက ရပ်ကွက်တွင်း အိမ်ထောင်စုဇယားမိတ္တူစတင်ကောက်ယူနေပြီဖြစ်ကြောင်း ဒေသခံထံသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် အမျိုးသမီးစစ်မှုထမ်းအတွက် စာရင်းများစတင်ကောက်ခံနေပြီဖြစ်ပြီး တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ ရပ်ကွက်တွင်း အိမ်ထောင်စုဇယားမိတ္တူ စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။
‘’အိမ်ထောင်သည်လည်းမလိုချင်ဘူး၊ ကလေးရှိလည်းမရဘူး၊ အသက်အပိုင်းအခြားကြားဝင်သမျှ အကုန်ပေး ဆိုပြီး အောက်ခြေမှာတော့လုပ်နေကြတယ်၊ အုပ်ချုပ်ရေးမှူးအဖွဲ့တွေပေါ့ စိတ်တွေလည်းညစ်ကြရပါတယ်” ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
အေးသာယာမြို့ ရပ်ကွက် ၈ နှင့် ရပ်ကွက် ၁၁ ရှိ အုပ်ချုပ်ရေးမှူသည် စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာပါဝါပြနေကြောင်းသိရသည်။
စစ်ကောင်စီသတင်းနှင့်ပြန်ကြားရေးမှ ဇန်နဝါရီ ၂၉ ရက် သတင်းထုတ်ပြန်ချက်အရ အမျိုးသမီးများကို ပြည်သူ့စစ်မှုထမ်းစာရင်းကောက်ယူခြင်းမရှိသေးကြောင်း ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် ကောက်ယူမှုများရှိနေပြီဖြစ်သည်။
တောင်ကြီးမြို့ပေါ်ရပ်ကွက်များတွင်လည်း ကောက်ယူထားခြင်းရှိသလို လက်ရှိ အေးသာယာမြို့တွင် လည်း ကောက်ယူနေပြီဖြစ်ကြောင်း ဒေသခံပြောပြချက်အရသိရသည်။
#ppv002
#အမျိုးသမီး
#စစ်မှုထမ်း
#အေးသာယာ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။