ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၃၊ ၂၀၂၅

ရှမ်းပြည်နယ်သည် ပြည့်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် အားအနည်းဆုံးဖြစ်သည်ဟု စစ်ကောင်စီ၏ ရှမ်းပြည် နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြောဆိုထားကြောင်းသိရသည်။

ရှမ်းပြည်နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်နေ့က တောင်ကြီးမြို့ ရှမ်းပြည် နယ်အစိုးရဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပြီး ထိုသို့ပြောဆိုထားကြောင်း စစ်ကောင်စီမီဒီယာထုတ်ပြန်ချက်အရသိရသည်။

‘’ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဟာ မြို့နယ်အဆင့်မှာအရေးကြီးပြီး၊ သတ်မှတ်အင်အားကို ဆင့်ခေါ်နိုင်မှုမရှိသည်ကို တွေ့ရပြီး ခရိုင်၊ မြို့နယ်များတွင် ဆင့်ခေါ်နိုင်မှုအားနည်းနေပြီး ရှမ်းပြည်နယ်သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးတွင် အားနည်းဆုံး” ဟုအစည်းဝေးတွင် ပြန်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြောဆိုထားကြောင်းသိရသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် တရားနည်းလမ်းမကျ၊ ဥပဒနှင့်မညီသော ဆောင်ရွက်မှုမျိုးမဆောင်ရွက်ရန်၊ ငွေကြေးဖြင့် မမှန်ကန်သောနည်းလမ်းဖြင့် ဆင်ခေါ်ခြင်းမပြုရန်၊ ဆင့်ခေါ်ရေးလုပ်ငန်းများ မှန်မှန်ကန်ကန် ဆောက်ရွက်ရန်လည်း တိုက်တွန်းထားကြောင်းသိရသည်။

ထို့အပြင် Online ပေါ်မှ တိုင်ကြားမှုများကိုလည်း ဖော်ထုတ်အရေးယူပေးမည်ဟုလည်း ပြောထားသည်။

လက်ရှိတောင်ကြီးမြို့ပေါ်တွင် ပေါ်တာဆွဲဖမ်းဆီး၊ ငွေညစ်ခြင်းသတင်းမကြာခဏဖြစ်ပွားပြီး အဖမ်းခံရသူများလည်းရှိနေကြောင်းဒေသခံများထံသိရသည်။

#ppv002
#Humanright
#စစ်မှုထမ်းရန်
#ရှမ်းပြည်နယ်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။