ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၊ ၂၀၂၅

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထပ်မံပြင်ဆင်ဖွဲ့စည်းလိုက်သည့် စစ်ကောင်စီအဖွဲ့ဝင်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ဥက္ကဌ ခွန်စံလွင် ဆက်လက်ပါဝင် နေကြောင်းသိရသည်။

ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် နေပြည်တော် စစ်ကောင်စီဥက္ကဌရုံး အစည်းဝေးခန်းမ၍ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) အစည်းဝေးခေါ်ယူပြီး (၇) ကြိမ်မြောက် အရေးပေါ်ကာလ ၆ လ သက်တမ်း ထမ်မံတိုးပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်များကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ယခုတစ်ကြိမ် စစ်ခေါင်းဆောင် ပြင်ဆင်ဖွဲ့စည့်လိုက်သည့် စစ်ကောင်စီအဖွဲ့ဝင်သည် လျော့ချပြီး ၁၆ ဦးသာပြင်ဆင်ဖွဲ့စည်းခဲ့ရာ ထိုထဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ဥက္ကဌ ခွန်စံလွင် ဆက်လက်ပါဝင်ခဲ့သည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ဥက္ကဌ ခွန်စံလွင် ကို စစ်တပ်အာဏာပြီး (၂) နှစ်ပြည့်မြောက်ချိန် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ခေါင်းဆောင် ပြင်ဆင်ဖွဲ့စည်းလိုက်သည့် စစ်ကောင်စီအဖွဲ့ဝင်များတွင် စတင်ပါဝင်လာခဲ့ခြင်းဖြစ်သည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ဥက္ကဌ ခွန်စံလွင်က စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သည်မှာ (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကာ ထပ်မံပြီး စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်လာသည်ကို စစ်ကောင်စီဝါဒဖြန့် မီဒီယာမှ ထုတ်ပြန်လာသည့် စာရင်းအရ သိရသည်။

#ppv002
#နိုင်ငံရေး
#စစ်ကောင်စီ
#PNO

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။