ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၊ ၂၀၂၅

တောင်ကြီး – ပင်လုံ – ကျောက်တန်း သွားလမ်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးလူ ၇ ဦး ထိခိုက်ခဲ့ကြောင်း ပင်လုံမြို့ရှိ ပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့များထံမှ ကြား သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး-ကျောက်တန်း- ပင်လုံသွားလမ်းတွင် ယနေ့မနက်ပိုင်း ၁၁ နာရီ အချိန်က Express မော်တော်ယာဉ်မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားရာ လူ ၇ ဦးထိခိုက်ပြီး လွိုင်လင် ဆေးရုံကြီး တင်ပို့ လိုက်ရကြောင်း သိရသည်။

‘ အဝေးပြေး မော်တော်ယာဉ် လမ်းဘေးကို ထိုးကျသွားတာပါ။ ခရီးသည် ၇ ယောက် ထိခိုက် ဒဏ်ရာ ရသွားတယ်။ လူနာ တွေကို ပရဟိတ အသင်း နဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေက ကူညီပြီးတော့ လွိုင်လင် ဆေးရုံကြီး ကို ကူညီ ပို့ဆောင်ပေးခဲ့ပါတယ်။ ’ဟု ပင်လုံမြို့ လူမှု ကူညီရေး အသင်းဝင် တစ်ဦးက ဆိုသည်။

အခင်းဖြစ်နေရာသို့ ပင်လုံမြို့ မြတ်နှလုံးသား သွေးလှူအသင်း ၊ လူမှုကူညီရေး အသင်း နှင့် ပင်လုံ မီးသတ် တပ်ဖွဲ့ဝင် များမှ သွားရောက်ကာ လူနာများအား ဝိုင်းဝန်း ကူညီ၍ လွိုင်လင် ဆေးရုံကြီး သို့ ကူညီ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၁) ရက် မနက်ပိုင်း (၉) နာရီခန့် အချိန်တွင် တောင်ကြီး အဆင်းလမ်း ၊ မြေပုံ ကွေ့ ရောက်ခါနီး တွင်လည်း ၆ ဘီး မော်တော်ယာဉ် နှင့် ဟိုက်ဂျက် မော်တော်ယာဉ် တို့ တိုက်မှု ဖြစ်ပွားကာ ဟိုက်ဂျက် မော်တော်ကား ပျက်စီးသွားပြီး၊ အဝါရောင် ၆ ဘီး မော်တော်ယာဉ် ရှေ့မှန် ထိခိုက်မှု ရှိကြောင်း သိရသည်။

#PPV-006
#မှုခင်း
#ယာဥ်တိုက်မှု
#Taunggyi

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။