ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၃၊ ၂၀၂၅

တောင်ကြီးမြို့ပေါ်တွင် အမျိုးသမီး စစ်မှုထမ်းစာရင်းရောက်ယူရာကျောင်းတက်နေသည့် ကျောင်းသူများပါ စစ်မှုထမ်းရန် စာရင်းပါဝင်နေကြောင်းသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် ဇန်နဝါရီ နောက်ဆုံးပတ်၌ အမျိုးသမီးစစ်မှုထမ်း စာရင်းစတင်ကောက်ယူပြီး ကျောင်းသူ ဖြစ်လျှင် ကျောင်းထောက်ခံ တောင်းခံရကြောင်း ဒေသခံဆီမှာ သိရသည်။

“စစ်မှုထမ်းဖို့မိန်းကလေးတွေလည်းသူများခေါ်ပြီ၊ကျွန်မ သူငယ်ချင်းဆို လေး၊ငါး ယောက်တောင် နာမည်စာရင်းထွက်လာပြီ အခုတော့ဘာမှမဖြစ်သေးဘူး ကျောင်းတက်တယ်လို့ပြောတာ ကျောင်းထောက်ခံစာ ပါသူတို့တောင်းခိုင်းတယ်” ဟု နာမည်စာရင်းတွင် ပါဝင်သူတစ်ဦး ကပြောသည်။

အမျိုသမီးစစ်မှုထမ်းစာရင်းကောက်ယူခြင်းကြောင့် ကျောင်းသူများသည် အမျိုးသမီး စစ်မှုထမ်း စာရင်းလာကောက်မည်ကို စိုးရိမ် နေရကြောင်း ဒေသခံ အမျိုးသမီး ကပြောသည်။

အခြား ဒေသခံ အမျိုးသမီးကလည်း “အသိသူငယ်ချင်းထဲ အခုလိုနာမည်ထွက်လာတော့ ကိုယ်လည်း ဘာလုပ်ရမလဲမသိဘူး အခုကမလာသေးပေမဲ့ လာခဲ့ရင်ပြေးရမလိုလိုပဲ စိတ်ညစ်လိုက်တာ” ဟု ထပ်ပြောသည်။

ထို့ပြင် အမျိုးသမီး စစ်မှုထမ်းစာရင်းကောက်ယူခြင်းကြောင့် အချို့သည် ကျောင်းပြန်တက်ရန် ပြင်ဆင်နေကြသူများလည်းရှိကြောင့် မြို့ခံတစ်ဦးထံမှသိရသည်။

“အဲ့တာမျိုးကြောင့်လေ ကျောင်းသူတွေ အကုန်ကျောင်းပြန်အပ်ကြတယ် ကျောင်းပြန်တက်ကြမယ်လို့တချို့လုပ်ကြတယ်၊ ကျောင်းတက်နေကြတဲ့သူကတော့ နည်းနည်းလွတ်တဲ့ပုံစံဆိုတော့၊ တက္ကသိုလ်တွေ့ပြန်အပ်ကြတာမျိုးတွေရှိတယ် “ ဟု မြို့ခံတစ်ဦးကပြောသည်။

တောင်ကြီးမြို့ပေါ်၌ အမျိုးသမီး စစ်မှုထမ်းအတွက် အသက် ၁၈-၃၅နှစ် ရှိသည့် လူဦးရေသည် သန်းခေါင်းစာရင်း အရ ရှိ ပြီးသော်လည်း ၎င်းတို့ သည် နောက်ထပ် တိုးလာမည် အသက်ပြည့်သူတို့ ထပ်မံရရှိချင်သည့်အတွက် ဖြစ်ကြောင်းသိရပါသည်။

စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေး မှ အမျိုးသမီး စစ်မှုထမ်းစာရင်းကောက်ယူထားခြင်းမရှိသေးကြောင်း ဇန်နဝါရီ ၂၉ ရက်ကထုတ်ပြန်ထားသော်လည်းမြေပြင်တွင်ကောက်ယူနေပြီဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကလည်း ဖေဖော်ဝါရီ ၁ ရက်နေ့က ပြည်သူ့စစ်မဆင့်ခေါ်ရေးဆိုင်ရာလုပ်ငန်းအစည်းအဝေးပြုလုပ်ခဲ့ပြီး ဘယ်လိုလုပ်ဆောင်သွားမည်ကိုထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရသည်။

#ppv013
#Humanright
#စစ်မှုထမ်းဥပဒေ
#အမျိုးသမီး
#Taunggyi

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။