ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၀၊၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ရေပူကျေးရွာကို စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

စစ်ကောင်စီ နှင့်PNOပြည်သူ့စစ် တပ်ဖွဲ့ တို့သည်ဇန်နဝါရီ (၂၉) ရက်က ရေပူကျေးရွာကို လက်နက် ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ စံကားအင်းနဲ့ ဖယ်ခုံအင်းကြားမှာရှိတဲ့ ဘုရားတောင် မှာပါ။ မနေ့က လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် နေအိမ်တစ်လုံး ပျက်စီးပါတယ်။ “ဟု အင်းလေးဒေသ လူ့အခွင့်အရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ညောင်ရွှေမြို့နယ် ရေပူကျေးရွာအုပ်စု ရေပူကျေးရွာအတွင်း ဇန်နဝါရီလ ၂၅ ရက် ညနေ ၄:၄၀ အချိန်တွင်တကြိမ်စစ်ကောင်စီ နှင့် လက်အောက်ခံ PNA တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးလောင်ဗုံး အပါအဝင် လက်နက်ကြီး ၅ ကြိမ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ကျေးရွာအတွင်း တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက် နေ့လည်ပိုင်းတွင်လည်း စစ်ကောင်စီနှင့်PNO ပြည်သူ့စစ်တို့ ကရေပူနှင့် ဘုရားတောင်ကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

#ppv006
#Humanright
#ရေပူရွာ
#ညောင်ရွေမြို့နယ်

photo credit

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

You missed