ခမ်းသားငေါဝ်း

ဇန်နဝါရီ ၃၀၊ ၂၀၂၅

ညောင်ရွှေမြို့နယ်၊ ထီခိုးရွာတွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် (၄)ဦးကျဆုံးသွားကြောင်း ဇန်နဝါရီလ(၃၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ ထီခိုးရွာအရှေ့ဘက်တွင် ယနေ့နံနက် (၁၂)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်တိုက်ခတ်လာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အခုတော့တိုက်ပွဲကငြိမ်ပြီ၊ ဒီမနက်ကတော့ တိုက်ပွဲပြင်းထန်စွာဖြစ်တယ် ထီခိုးရွာအရှေ့ဘက်နားမှာပဲဖြစ်တာ ဗမာစစ်သား(စစ်ကောင်စီ)တော့ (၄)ယောက်ကျသွားတယ် (၃)ယောက်ကတော့ ဒဏ်ရာရသွားတယ်” ဟု‌ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက်အစောပိုင်း၌ တိုက်ပွဲမဖြစ်ပွားမှီ နမ်းဗွန်ရွာဘက်မှ လက်နက်ကြီးများဖြင့် တော်လှန်ရေးတပ်ဖွဲ့များရှိရာ ထီခိုးရွာဘက်သို့ ပစ်ခတ်တိုက်ခိုက်မှုများလည်း အဆက်မပြတ်ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

“အခုတိုက်ပွဲဖြစ်တော့ ဗမာစစ်သားတွေက သူတို့ဒရုန်းစက်တွေထင်တယ် အဲ့တာဖွင့်ထားတော့ ဖုန်းလိုင်းတွေလည်း မရဘူးဖုန်းဆက်တာတောင် ခနခနကျတယ်။ အခုချိန်ထိတော့ တိုက်ပွဲနဲ့နီးတဲ့ ထီရီးရွာနဲ့နမ်းဗွန်ရွာသားတွေကတော့ ရွာထဲမှာရှိနေတုန်းပဲ မရှောင်ရသေးဘူး” ဟု၎င်းကဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ထီခိုးကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များတပ်စွဲ နေရာချထားသဖြင့် စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့်ရွာထဲသို့မကြာခဏ ပစ်ခတ်လာခြင်းကြောင့် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးမှုများရှိနေကြောင်း သိရသည်။

#PPV007
ပုံ-အွန်းလိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#ထီခိုးရွာ
#စစ်ကောင်စီ
#PNO
#ပြည်သူ့စစ်
#တော်လှန်ရေးတပ်ဖွဲ့များ
#တိုက်ပွဲပြင်းထန်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed