ခမ်းသားငေါဝ်း

ဇန်နဝါရီ ၃၀၊ ၂၀၂၅

ရှမ်းပြည်နယ်တွင် ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူ(၁၅၄)ဦး သေဆုံးခဲ့ရပြီး (၁၈)နှစ်အောက် ကလေးငယ် (၂၂) ဦး ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းအရ သိရသည်။

ရှမ်းပြည်နယ်တွင် (၂၀၂၄)ခုနှစ် ဇန်နဝါရီ(၁)ရက်နေ့မှ (၂၀၂၅)ခုနှစ် ဇန်နဝါရီ(၂၉)ရက်နေ့အထိ သေဆုံးသူများထဲတွင် အမျိုးသမီး(၆၁)ဦး၊ အမျိုးသား(၉၃)ဦး နှင့် (၁၈)နှစ်အောက် (၂၂)ဦး ပါဝင်သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

သေဆုံးသူများအနက် (၉၇)ဦးမှာ စစ်ကောင်စီ၏ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ(၂၇)ရက်မှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ အမှတ်(၂)ရက်ကွက်မှာ စစ်ကောင်စီ၏ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသခံ ကိုမျိုးမြင့်ထွေးအား ဗုံးစထိမှန်ပြီး ဦးခေါင်းပြတ် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီ(၁၇)ရက်မှာလည်း ရှမ်းပြည်နယ် တောင်ပိုင်း ဘုရားတောင်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီနှင့် PNOပြည်သူ့စစ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ပြည်သူ(၃)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရှမ်းပြည်နယ်
#တစ်နှစ်အတွင်း
#အရပ်သားပြည်သူ
#ကလေးငယ်
#နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
#AAPP
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed