ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၉၊ ၂၀၂၅
ကရင်နီ(ကယား)ပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း ခရီးသွားလာခြင်းကိုကန့်သတ်ထားပြီး ကန့်သတ်ချိန်အတွင်းသွားလာပါကထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။
ကန့်သတ်ချိန်အတွင်း သွားလာသူများသည် တာဝန်ကျနေသော တပ်ရင်းတပ်ဖွဲ့၏ စစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံရမည်ဖြစ်ပြီး စစ်ဆေးမှုအပေါ် မထီမဲ့မြင် ပြုလုပ်ပါက ကြီးလေးသော အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
” လုံခြုံရေးအရပဲ လုပ်တာဖြစ်မယ်၊ အခုကလည်း လေကြောင်းရန် လက်နက်ကြီးရန်တွေအရမ်းစိုးရိမ်နေရတော့ မလိုအပ်ပဲ ညမထွက်တာပဲကောင်းပါတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပြစ်ဒဏ်များမှာ မော်တော်ဆိုင်ကယ် တစ်စီးလျှင် ၅၀၀၀၀ကျပ်နှင့် ကားတစ်စီးလျှင် ၁၀၀၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အပြင် သာရေး ၊ နာရေး နှင့် တပ်ရင်းတပ်ဖွဲ့များ၏ အရေးပေါ်ကိစ္စများကြောင့် သွားလာလိုလျှင် သက်ဆိုင်ရာသို့ မဖြစ်မနေ ကြိုတင်အသိပေးအကြောင်းကြားရမည်ဟုဆိုသည်။
PPV 003
ပုံ-အွန်လိုင်း
#ကရင်နီ
#ကယားပြည်နယ်
#ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း
#ခရီးသွားလာခြင်းကိုကန့်သတ်ထား
#အရေးယူမည်
#မြို့နယ်အုပ်ချုပ်ရေးကောင်စီက