ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၉၊ ၂၀၂၅
ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ သည် ယခုနှစ် စစ်ရှောင်နေရသည့်အပြင် ရေရှားပါးမှုပြဿနာကြုံတွေ့နေရကြောင်း ဒေသခံထံမှ သ်ိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် တောင်ရှေ့ကျေးရွာအုပ်စုတွင် ဒေသခံပြည်သူများ စစ်ရှောင်နေရဆဲဖြစ်ပြီး ရေရှားပါးမှုကြောင့် အခက်အခဲကြုံနေရသည့်အပြင် အသွားအလာတွင် စစ်ဆေးခြင်းခံရသည့်အတွက် အခက်ခဲရှိနေကြောင်းသိရသည်။
“ခုရွာမှာတော့ စစ်ရှောင်တွေ ရေအခက်အခဲဖြစ်တာပေါ့ ကျွန်တော်တို့ ရွာက နှစ်တိုင်းဘဲ ရေခက်ခဲတယ် အခုတော့စစ်ဘေးလည်းရှောင်ရတော့ ရေပိုရှားတာပေါ့၊ အသွားအလာတော့နည်းနည်းခက်တယ်ပေါ့၊ ဆီဆိုင်မြို့မှာဘဲ သွားဝယ်ရတယ် ရေအဲလောက်ရှားတော့” ဟုဒေသခံတစ်ဦးကပြောသည်။
ဆီဆိုင်မြို့နယ်သည် ရေရှားပါးသည့် ပြသာနာ ကို နှစ်စဉ်နှစ်တိုင်းကြုံတွေ့ရပြီး တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ရေခပ်မရသည့် ပြသာနာကို ထပ်မံကြုံတွေ့ရသလို အသွားအလာ၌လည်း စစ်ကောင်စီ၏ စစ်ဆေးခြင်းများလည်းခံရသဖြင့် အခက်အခဲရှိကြောင့်သိရသည်။
“စျေးသွားမယ်၊ စျေးလာမယ်၊ ခြံသွားမယ်၊ အဲ့လို့သွားရင်တော့ ဗမာ စစ်သားနဲ့တွေ့ရင်တော့အစစ်ဆေးခံရတယ်ပေါ့ အသွားအလာတော့ ခက်ခဲတယ်ပေါ့”ဟု ဒေသခံတစ်ဦးကပြောသည်။
ဆီဆိုင်မြို့နယ်တောင်ရှေ့ကျေးရွာအုပ်စုတွင် နွေရာသီ၌နှစ်စဥ်ရေရှားပါးလျက်ရှိပြီး ယခင်ကရေအလှူရှင်များ ရွာထိလာလှူခြင်းများရှိသော်လည်း စစ်ပွဲဖြစ်ပွါးပြီးအလှူရှင်များမရှိတော့ဘဲ ဆီဆိုင်ထိသွားခပ်ရသဖြင့်အခက်ခဲရှိနေကြောင်း လက်ရှိတွင် စစ်ကောင်စီ၊ PNOပြည်သူ့စစ်နှင့် တော်လှန်ရေးအင်းအားစုတို့ စစ်ရေးတင်းမာ နေသဖြင့် ပြည်သူများလည်း စိုးရိမ်မှုရှိနေကြောင်းသိရသည်။
PPV0013
ပုံ-အွန်လိုင်း ပုံဟောင်း
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#တောင်ရှေ့ကျေးရွာအုပ်စု
#စစ်ဘေးရှောင်ပြည်သူများ
#ရေရှားပါးမှုပြဿနာကြုံတွေ့နေရပြီး #အသွားအလာစစ်ဆေးခြင်းခံရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။