ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၉ ၊ ၂၀၂၅
ကျောင်းသားများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည့် ကျောင်းတာဝန်ခံ ဦးဇော်ဇော်ထွန်းကို တာဝန်မှရပ်နားစေပြီး (၆)လ ချုပ်နှောင် အပြစ်ပေးကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့လှုံခြုံရေးတပ်ဖွဲ့က ဇန်နဝါရီ(၂၈)ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ဖယ်ခုံမြို့ ကျောင်းတစ်ကျောင်းတွင် ဖြစ်ပွားခဲ့သော ကျောင်းသားများတချို့အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ကြောင်းကို ကျောင်းသား သမဂ္ဂ(P.K.S.U) ထုတ်ပြန်ချက်အပေါ် ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (PK Police)၊ ဖယ်ခုံမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ(KSCC)နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းတို့မှ ဘုတ်အဖွဲ့ဖွဲ့ပြီး မြေပြင်တွင် ကွင်းဆင်းလေ့လာမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုမှ ဖယ်ခုံမြို့နယ်ရှိ ကျောင်းသူကျောင်းသားများ၊ ကျောင်းသားမိဘများထံ စုံစမ်းစစ်ဆေးမှု ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ကျောင်းတာဝန်ခံ ဦးဇော်ဇော်ထွန်းသည် ကျောင်းသားများတချို့အပေါ် ကာယိန္ဒြေထိပါးမှု ရှိသည်ကို စီစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျောင်းသူ ကျောင်းသားများအပါအဝင် ကာယကံရှင်ကျောင်းသားများနှင့် ကျောင်းသားမိဘများ၏ သဘောဆန္ဒအရ ကျောင်းတာဝန်ခံ ဦးဇော်ဇော်ထွန်းအား တစ်စုံတစ်ရံ အရေးယူလိုခြင်းမရှိသည့်အပြင် ကျောင်းနှင့် သက်ဆိုင်သော တာဝန်မှ ရပ်နားစေလိုခြင်း အပါအဝင် ကျောင်းလိုအပ်ချက်များကို ယခင်က ပြုလုပ်ပေးသည့်အတိုင်း ဆက်လက် ဆောင်ရွက်စေလိုသည်ကို တောင်းဆိုလာကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ကျောင်းတာဝန်ခံဦးဇော်ဇော်ထွန်းကို ကျောင်းအပြီးတိုင် ထုတ်ပယ်လိုက်ပြီး လူမှုရေးအပြစ်ဒဏ်ပေးသည့်အပြင် အမှားကို ပြန်လည်သုံးသပ်ရန် ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေး(PK Police)အဖွဲ့ထံ (၂၈.၁.၂၀၂၅)မှ (၂၈.၇.၂၀၂၅)ထိ (၆)လ ချုပ်နှောင် ထိန်းသိမ်း အပြစ်ပေးကြောင်းကို သဘောတူချမှတ်လိုက်ကြောင်း ဖော်ပြထားသည်။
PPV0011
#လူ့အခွင့်အရေး
#ကျောင်းသားများ
#လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့
#ကျောင်းတာဝန်ခံ
#ဖယ်ခုံမြို့နယ်
#ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က