ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၆၊ ၂၀၂၅
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး ၄ နှစ်နီးပါးကာလအတွင်း သတင်းသမားဦးရေ ၂၀၀ ကျော်ဖမ်းဆီးခံရပြီး ဇန်နဝါရီ ၂၅ ရက်နေ့စာရင်းအရ သတင်းမီဒီယာသမား ၄၃ ဦး အကျဉ်းထောင်များတွင် အကျဉ်းကျခံထားဆဲဖြစ်ကြောင်း လွပ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးခံရသည့် သတင်းသမားများသည် နိုင်ငံအနှံ့အကျဉ်းထောင်အသီးသီးတွင် အနည်းဆုံး ၃၀ ဦးကျော်မှအများဆုံး ၆၀ ဦးဝန်းကျင်အထိ ထိမ်းသိမ်းခံခဲ့ကြရကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
အကျဉ်းကျခံထားရဆဲ သတင်းသမားများတွင် ထောင်ဒဏ်တသက်အပါအဝင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် သတင်းမီဒီယာသမား ၁၁ ဦးပါဝင်ပြီး အမြှင့်ဆုံးပြစ်ဒဏ်တသက်နှင့်အနိမ့်ဆုံးပြစ်ဒဏ် ၁၀ နှစ်ကျခံထားရသူများဖြစ်ကာ ကျန်ရှိသူများသည် အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အတွင်း ပြစ်ဒဏ်ကျခံနေကြရကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် သတင်းမီဒီယာလုပ်ငန်း ၁၅ ခု၏ လိုင်စင်များအား ရုပ်သိမ်းခဲ့ပြီး သတင်းမီဒီယာနှင့် ဆက်စပ်နေသည့် မီဒီယာဆိုင်ရာ ဥပဒေများအား တဖက်သတ်ပြုပြင်ပြဌာန်းခဲ့ကြောင်း သတင်းလွပ်လပ်ခွင့် အခြေခံပေးထားချက်အရ ရပ်တည်နိုင်ခြင်းမရှိဘဲ ကမ္ဘာ့အဆိုးဆုံးသတင်းလွပ်လပ်ခွင့် ထိပါးဖိနှိပ်ခံရသည့် ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်နေသည်အထိ အန္တရာယ်ကျရောက်နေပြီဖြစ်ကြောင်း ဆိုထားသည်။
သတင်းလွပ်လပ်ခွင့်နှင့် လွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကာကွယ်မြှင့်တင်ရေးအတွက်၊ သတင်းမီဒီယာများ မီဒီအလုပ်ကို လွပ်လပ်စွာလုပ်ကိုင်နိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက လုပ်ဆောင်ပေးကြပါရန်နှင့် သတင်းမီဒီယာသမားများအား ဖမ်းဆီးထောင်ချခြင်းနှင့် နှိတ်စက်သတ်ဖြတ်ခြင်းများကို ဆန့်ကျင်ရှုံ့ချပြီး ကျူးလွန်မှုများအတွက် တာဝန်ခံမှုရှိစေရန် လွပ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)အနေနှင့် အလေးအနက်တောင်းဆိုလိုက်ကြောင်း သိရသည်။
PPV001
#လူ့အခွင့်အရေး
#အာဏာသိမ်းပြီး
#သတင်းသမားဖမ်းဆီးခံရ
#သတင်းမီဒီယာသမား
#အကျဉ်းကျခံထားဆဲ
#လွပ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ
#IPCM