ခမ်းသားငေါဝ်း

ဇန်နဝါရီလ ၂၆၊၂၀၂၅

ပြည်သူ့စစ်မှုထမ်းများအဖြစ် စစ်ကောင်စီကအတင်းအဓမ္မစုဆောင်းခြင်းခံရပြီး ကရင်နီပြည်နယ်တွင်းရှိ ရှေ့တန်းစစ်ဆင်ရေးများသို့ ပို့ဆောင်ခြင်းခံရသည့် စစ်ကောင်စီတပ်သား (၇)ဦး KNDF ထံလက်နက်များနှင့်အတူ ထွက်ပြေးခိုလှုံလာခဲ့ကြောင်း KNDF က ယနေ့တွင်ထုတ်ပြန်သည်။

လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခုမှ လက်နက်မဲ့ထွက်ပြေးလာခဲ့သည့် ခမရ (၄၃၀) တပ်ရင်းမှ တပ် သား (၃)ဦးတို့မှာ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် မိမိတို့ KNDF သို့ရောက်ရှိခိုလှုံလာခဲ့ပြီး လွိုင်လင်လေးမြို့အပြင်ရှိ ထီးစဲခါးကင်းစခန်းတစ်ခုမှ ထွက်ပြေးလာခဲ့သည့် ခလရ (၂၄၇) တပ်မှ တပ်သား (၄)ဦး မှာ MA-3 (၃)လက် ၊ MA-1 (၁) လက်တို့နှင့်အတူ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် မိမိတို့ KNDF တပ်ရင်းအသီးသီးထံသို့ ရောက်ရှိခိုလှုံခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်းဆိုထားသည်၊၊
မိမိတို့ KNDF သို့ ထွက်ပြေးခိုလှုံလာခဲ့သည့် အထက်ပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်မှုထမ်းရန် ဆန္ဒလုံးဝမရှိကြဘဲ စစ်ကောင်စီမှ ပေါ်တာဆွဲခံရခြင်း ၊အတင်းအဓ္ဓမ စုဆောင်းခြင်းခံရသူများဖြစ်ကြပြီး ရှေ့တန်းစစ်ဆင်ရေးအတွင်း ထွက်ပြေးခိုလှုံလာခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီ၏ တပ်သားများအဖြစ် ကျန်ရှိနေသည့်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်လူတစ်စု၏ အကျိုးစီးပွားအတွက် ရပ်တည်နေမည့်အစား ယခုကဲ့သို့ စစ်ကောင်စီတပ်သားအဖြစ်မှ အချိန်မီ စွန့်ခွာပြီး ပြည်သူလူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြရန် အထူးတိုက်တွန်းလိုပါကြောင်း KNDF ကဆိုသည်။

PPV001
ပုံ-KNDF
#KNDF
#ပြည်သူ့စစ်မှုထမ်းများ
#စစ်ကောင်စီ
#အတင်းအဓမ္မစုဆောင်းခြင်းခံရ
#ကရင်နီပြည်နယ်တွင်း
#ရှေ့တန်းစစ်ဆင်ရေးများ
#ပို့ဆောင်ခြင်းခံရသည့်စစ်ကောင်စီတပ်သား #ထွက်ပြေးခိုလှုံလာ