ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၅၊ ၂၀၂၅
PSLF/TNLA ထိန်းချုပ်သည့်ကျောက်မဲမြို့ ပြည်သူ့ဆေးရုံပေါ်စစ်ကောင်စီ ဗုံးကြတိုက်ခိုက်၍ CDM ဆရာမ တစ်ဦးအပါအဝင် ၂ ဦး သေဆုံးပြီး ကျန်မားရေးဝန်ထမ်း၊ CDM ဝန်ထမ်းများအပါ အရပ်သား (၂၀)ဉီးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ထုတ်ပြန်ချက် အရသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အတွင်း ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်မှ ဇန်နနဝါရီလ(၂၅)ရက် နေ့လည်(၁:၂၅)မိနစ်တွင် တစ်ကြိမ်၊(၁:၂၉)မိနစ်တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် (၂) ကြိမ် ဗုံး(၄)လုံး လာရောက်ကြဲချခဲ့ကြောင်းသိရသည်။
ကုတင် ၁၅၀ ဆံ့ ကျောက်မဲပြည်သူ့ဆေးရုံသည် ၁၉၆၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး PSLF/TNLA ကကျောက်မဲမြို့ကိိုန်းချုပ်ပြီးနောက်ပိုင်း ကျောက်မဲပြည်သူ့ဆေးရုံတွင် ကျန်းမာရေး ဝန်ဆောင်မှုပေးကာ ဆေးကုသပေးနေကြောင်းဆိုသည်။
ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူ ရှိသည့်အပြင် ကျောက်မဲပြည်သူ့ဆေးရုံလည်းပျက်စီးသွားကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်လည်း နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ ပြည်သူလူထုကို ရည်ရွယ် ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၉)ဦးသေဆုံးပြီး (၃)ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ်အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဉီးတည် ဗုံးကြဲတိုက်ခိုက်နေကြောင်း PSLF/TNLA ကဆိုသဘးည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း PSLF/TNLA အသိပေးထားသည်။
#ppv002
#Humanright
#ကျောက်မဲ
#လေယာဥ်ဗုံးကြဲ