ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊ ၂၀၂၅

စက်သုံး လောင်စာဆီ (၉၂) ဓါတ်ဆီ စျေးနှုန်း ၅၅ ကျပ်ပြန် ခုန်တက်ခဲ့ကြောင်းဇန်နဝါရီ၂၄ ရက်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ စက်သုံးဆီ ဆိုင်များထံမှ သိရသည်။

ဇန်နဝါရီလ(၂၄) ရက် ရှမ်းပြည်တောင်ပိုင်း စက်သုံးဆီ ဈေးနှုန်းသည် ၉၂ တစ်လီတာ ၃၂၅၅ ကျပ် ၊ ၉၅ တစ်လီတာ ၃၃၂၅ ကျပ် ၊ ဒီဇယ် တစ်လီတာ ၂၉၉၀ ကျပ် ၊ ပရီမီယမ် ဒီဇယ် ၃၆၄၅ ကျပ် ဈေး နှုန်းရှိခြင်းဖြစ်သည်။

လောင်စာဆီစျေးတက်ခြင်းကြောင့် တခြားကုန်ပစ္စည်းများလည်း အကုန်စျေးတက်ကုန်ကြောင်းသိရသည်။

“ ဆီစျေးတက်တာနဲ့ အကုန်တက်တာပဲ။ ထိုင်း နဲ့ တရုတ်က ဝင်တဲ့ပစ္စည်းတွေ ကားခ စျေးတက်လို့ အကုန် စျေးတက်တယ်လေ။ ကားသမားတွေကလည်း လမ်းကြေး ငါးသောင်းလောက် ကုန်တယ်။ ရှမ်းတောင် ဒေသတွင်း ဆိုရင် ၃ သိန်းလောက် မရ ရင် မောင်းဖို့ မကိုက်တော့ဘူး။ ဆီစျေးတက်တာ လုပ်ရကိုင်ရ ပိုခက်တယ်။ ”ဟု ကားသမား တစ်ဦးက ဆိုသည်။

ဇန်နဝါရီလ(၁၄) ရက် ရှမ်းပြည်တောင်ပိုင်း စက်သုံးဆီ ဈေးနှုန်းသည် ၉၂ တစ်လီတာ ၃၂၀၀ ကျပ် ၊ ၉၅ တစ်လီတာ ၃၂၈၅ ကျပ် ၊ ဒီဇယ် တစ်လီတာ ၂၈၃၅ ကျပ် ၊ ပရီမီယမ် ဒီဇယ် ၃၄၆၀ ကျပ် ဈေး နှုန်းရှိသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်တွင် ၉၂ တစ်လီတာ ၃၁၁၀ ကျပ်အထိ လောင်စာဆီ စျေးနှုန်း စတင် ကျဆင်းလာခြင်း ဖြစ်ကာ ၊ တစ်ပတ်နီးပါးခန့် ကျစျေးတွင် ငြိမ်နေရာမှ ဇန်နဝါရီလ ၁၀ ရက် တွင် ၉၂ တစ်လီတာ ၃၂၀၀ ကျပ် အထိ ပြန်လည် စျေးတက်လာခြင်းကြောင်း သိရသည်။

ထိုစျေးနှုန်းမှ ဇန်နဝါရီလ ၂၄ ရက်တွင် ၉၂ တစ်လီတာ ၃၂၅၅ ကျပ် အထိ စျေးတက်လာခြင်း ဖြစ်သည်။

စက်သုံးလောင်စာဆီ စျေးနှုန်းမြင့်တက်သဖြင့် စိုက်ပျိုးရေး လုပ်ငန်း၊ ခရီးသွား ပို့ဆောင်ရေး လုပ်ငန်းများ နှင့် အထွေထွေ လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်း စျေးနှုန်းများသည်လည်း မြင့်တက်မှု ရှိကြောင်း စျေးကွက် အတွင်းမှ သိရသည်။

အမဲသား တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ် ၊ ဝက်သား တစ်ပိဿာ (အသားသီးသန့်) ၃၄၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ – ၃၀၀၀၀ ကျပ် ၊ ရှိကာ ရေထွက် ပစ္စည်း အသားငါး စျေးနှုန်းများလည်း မြင့်တက်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ လဆန်းပိုင်း တွင် စားဖိုဆောင်သီးနှံများဖြစ်သော အာလူး၊ ငရုတ်၊ ကြက်သွန် ကုန်စိမ်းစျေးနှုန်းများသည် ဆက်လက် မြင့်တက်နေကြောင်း သိရသည်။

#PPV-006
#လောင်စာဆီ
#စျေးတက်
#ရှမ်းတောင်