ခမ်းသားငေါဝ်း

ဇန်နဝါရီ ၂၂၊ ၂၀၂၅

ညောင်ရွှေမြို့နယ် အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အင်းလေးအမျိုးသမီးသမဂ္ဂ( IWU )က ပြည်သူများကို လေကြောင်း၊ လက်နက်ကြီး၊ မိုင်း အန္တရာယ် အသိပညာပေးကို အခက်အခဲကြားတွင် လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အစပ်ရှိ ရွာများကို ဇန်နဝါရီလ ၁၅ နေ့မှစ၍ ပြည်သူများအား လေကြောင်း၊ လက်နက်ကြီးနှင့် မိုင်း အန္တရာယ် အသိပညာ အခက်အခဲများစွာကြားမှာပေးခဲ့သည်။

“အခက်အခဲကတော့ ပြည်သူတွေက ကြောက်နေကြတဲ့အတွက် တစ်နေရာထဲမှာစုပြီးလူအများကြီးမပေးနိုင်ဘူးပေါ့နော်၊ နည်းနည်းချင်းစီစုပြီးတော့ပေးရတာပေါ့ ရန်သူနဲ့အနီးကပ်ဆုံးနေရာမှာဖြစ်နေတဲ့အတွက်ကြောင့်”ဟု အင်းလေးအမျိုးသမီးသမဂ္ဂ( IWU ) တာဝန်ရှိသူ တစ်ဦးကခမ်းသားငေါဝ်ကိုပြောသည်။

ပညာပေးနေသည့်အချိန်တွင် ရန်သူအား သတင်းပေးများ ရှိနေမည်ကိုလည်း စိုးရိမ်ရကြောင်း ၎င်းကဆက်ပြောသည်။

လေကြောင်း၊ လက်နက်ကြီး၊ မိုင်း အန္တရာယ် ပညာပေးလုပ်ရသည့် ရည်ရွယ်ချက်သည် စစ်ကောင်စီက ပြည်သူများ ရှိရာအရပ်သို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ရှိရှိပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူများအသက်ဆုံးရှုံးသဖြင့် နောက်ထပ် ပြည်သူများ ထပ်မနစ်နာစေလို့သောကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

“ဒီလို့မျိုးအန္တရယ်နဲ့ရင်ဆိုင်ရတဲ့အခါမျိုးမှာ ကျွန်မတို့ပြည်သူတွေအနေနဲ့ သူတို့ကိုယ်တိုင်းအတက်နိုင်ဆုံးကာကွယ်နိုင်ဖို့ ရှောင်ရှားနိုင်ဖို့ ယခုလို့ ပညာပေးချင်မျိုးဖြစ်တယ်”ဟု IWU ၏ တာဝန်ရှိဆရာမ တစ်ဦးကထပ်ပြောသည်။

အင်းလေးအမျိုးသမီးသမဂ္ဂ( IWU )သည် ပြည်သူ အား လေကြောင်း၊ လက်နက်ကြီး၊ မိုင်း အန္တရာယ် ပညာပေး အပြင် ရွာတွင်း ပိုစ့်စတာကပ်ခြင်း များကို ညောင်ရွှေမြို့နယ်အစပ်ရှိ ရွာပေါင်း(၈)ရွာ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်ခံရမှု
#အင်းလေးအမျိုးသမီးသမဂ္ဂ( IWU )က
#လေကြောင်း
#လက်နက်ကြီး
#မိုင်းအန္တရာယ်
#အသိပညာပေး