ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၃၊ ၂၀၂၅
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖုန်မှုန့်များနှင့် အမှုန်အမွှားများဖြင့် ပြည့်နေသည့် လေထုညစ်ညမ်းမှုဒဏ်ကို ရင်ဆိုင်နေရပြီး ယနေ့ ဇန်နဝါရီလ ၂၃ရက်နေ့ မနက်ပိုင်း ၈နာရီကျော်အချိန်မှာ ဘန်ကောက်မြို့သည် ကမ္ဘာလေထု အညစ်ညမ်းဆုံး နံပတ် ၈ နေရာတွင်ရပ်တည်နေကြောင်း IQAir က ထုတ်ပြန်ထား သည်။
ပြီးခဲ့သည့် ဇန်နဝါရီလလ ဒုတိယပတ်တွင် အဆင့် ၁၃ နေရာ၌ရှိနေပြီး ယနေ့တွင် အဆင့် ၈ အထိရောက်ရှိလာခြင်းဖြစ်သည်။
“ဟုတ်တယ် ဒီနေ့ကပိုဆိုးနေတယ်။ မြူးတွေလိုပဲ အလုပ်သွားတာ အိမ်ပြန်ရောက်ရင် မျက်နှာတွေ၊ နှာခေါင်းတွေယားနေရော၊ အပြင်သွားရင် မတ် Maskတပ်သွားဖို့လိုတယ်။ “ ဟု ဘန်ကောက်နေထိုင်သူ ရွေ့ပြောင်းအလုပ်သမားတစ်ဦးမှပြောသည်။
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး နံပါတ် ၁ က အိန္ဒိယနိုင်ငံ ဒေလီမြို့ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တို့က နံပါတ်လေးနေရာတွင် ရှိနေကြောင်းသိရပါသည်။
လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်း စာသင် ကျောင်းအချို့နှင့် လုပ်ငန်းခွင်ရုံးများ ပိတ်ထားရပြီး Work from home အဖြင့်နှင့်သာ အလုပ်လုပ်ကြရန် သက်ဆိုင်ရာများက နှိုးဆော်ထားကြောင်း သိရသည်။
#ppv010
#လေထုညစ်ညမ်း
#ဘန်ကောက်
#ထိုင်း