ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၂၊ ၂၀၂၅
ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရပြီး စစ်မှုထမ်းနေရသော စစ်ကောင်စီတပ်သားတစ်ဦး ဇန်နဝါရီလ ၂၀ ရက်နေ့တွင် လက်နက်နှင့်တကွ KNDF တပ်ရင်းအမှတ် ၃၄ ထံ ထွက်ပြေးခိုလှုံလာခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။
အဆိုပါတပ်သားသည် လွိုင်ကော်အခြေစိုက် ခလရ ၂၆၁ တပ်ရင်းမှဖြစ်ပြီး စစ်ဆင်ရေးအတွင်း ထွက်ပြေးလာကာ MA-11 သေနတ် ၁ လက်၊ ခဲယမ်းမီးကျောက်အချို့ ကို ယူဆောင်လာပြီးအလင်းဝင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများအနေဖြင့် အာဏာရှင်စစ်ခေါင်းဆောင်များ၏ လူတစ်စုအကျိုးအတွက် အကြမ်းဖက်ဖိနှိပ်သာ့်လုပ်ရပ်များတွင် ထောက်တိုင်များအဖြစ်ရပ်တည်၍ ချေမှုန်းခံမည့်အစား အချိန်မှီလက်နက်အပ်၍ ပြည်သူလူထုထံခိုလှိုခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ဘဝသစ်တွင်ရှင်သန်ကြရန် KNDF ဗဟိုက တိုက်တွန်းထားသည်။
PPV 003
ပုံ-KNDF
#လူ့အခွင့်အရေး
#ပြည်သူ့စစ်မှုထမ်း
#အဓမ္မစုဆောင်းခံရ
#စစ်မှုထမ်းနေရ
#စစ်ကောင်စီတပ်သားတစ်ဦး
#KNDF
#ထွက်ပြေးခိုလှုံလာ