ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၂၊ ၂၀၂၅
နောင်ချိုမြို့နယ်တွင်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး ၂ လုံးလာရောက်ကြဲချခဲ့ရာ ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
ရှမ်းမြောက်၊နောင်ချိုမြို့နယ် စည်ပင်ရုံးနှင့် ထွေအုပ်ရုံးအနီး၌ ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည် (၂)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၁)ဦးသေဆုံးပြီး(၂)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၁)လုံး နှင့် စည်ပင်ရုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများ၏ နေအိမ်များ မီးလောင်ကျွမ်းသွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်နေသောနေအိမ်များကို PSLF/TNLA မီးသတ်ဌာနနှင့် ပြည်သူများမှ ဝိုင်း၀န်းငြိမ်းသတ်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင်လည်း ကျောက်မဲမြို့နယ် ပန်ပေါက်ရွာ တိုးဂိတ်အနီးညနေ (၃)နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
PPV 003
ပုံ-TNLA
#လူ့အခွင့်အရေး
#နောင်ချိုမြို့နယ်
#စစ်ကောင်စီတပ်မှလေကြောင်းဖြင့်
#ဗုံးလာရောက်ကြဲချ
#ဒေသခံပြည်သူတစ်ဦးသေဆုံး
#TNLA