ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၁၊ ၂၀၂၅
ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ စစ်ဘေးရှောင်များကို အဖွဲ့အစည်းအသီးသီးက ကူညီရာတွင် စစ်ကောင်စီနှင့် နယ်မြေ ထိန်းချုပ်ထားသည့် အဖွဲ့အစည်းများကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီကို အပြည့်အဝပေးရန် ခက်ခဲကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးအဖွဲ့ (PYO) ၏ တာဝန်ရှိသူ များကပြောသည်။
စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရာတွင် စစ်ကောင်စီ၏ ဂိတ်များဖြတ်ကျော်ရသဖြင့် သယ်ဆောင်လာသော ဆန်၊ဆီ စသည့် ပစ္စည်းသယ်ဆောင်ပါက စစ်ကောင်စီကို ပါလာသည့် ရိက္ခာအပြင် ငွေကြေးကိုပါပေးဆောင်ရကြောင်း PYO၏ တာဝန်ရှိသူကပြောသည်။
“ပြီးခဲ့တဲ့ ၂၀၂၄ အစောပိုင်းမှာဆိုရင်ဆန်တွေကိုမှာ ကို တင်ချင်သလောက် တင်လို့မရတာမျိုးတွေ ရှိတော့ အဲ့တာတွေ့ ပါလို့ချင်ရင် ရိက္ခာ ထားပေးခဲ့ရတယ်၊ ပိုက်ဆံဆိုလည်းတောင်းတယ် ဘယ်လောက်ပေးမှ ပေးဖြတ်မယ်”ဟု PYO ၏ တာဝန်ရှိသူ မနန်းကပြောသည်။
စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ကို စစ်ကောင်စီ ထိန်းချုပ်ထားသည့်နယ်မြေများတွင် နားလည်မှု ဖြင့် နိုင်ငံတကာအဖွဲ့အစည်း (သို့) အခြားသော အဖွဲ့အစည်းများက အခွန်ပေးဆောင်ထားရသည့်အပြင် ဂိတ်ကြေးပေးဆောင်ရခြင်း၊ PNA နှင့် စကစ ထိန်းချုပ်ထားသည့် နယ်မြေရှိ အုပ်ချုပ်ရေး ယန္တရားမှာ ပါဝင်သူများကိုလည်း ထပ်မံပေးဆောင် ရတာမျိုးတွေ တွေ့ကြုံနေရကြောင်း PYO ၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“နယ်မြေနဲ့ပက်သက်လို့ဆိုရင် ဒီနယ်မြေ ပေးရမယ် ဒီနယ်မြေ ကိုမပေးဘူးဆိုတဲ့ဟာကလည်း အကန့်အသတ် ထားထားတာတွေရှိတယ် နယ်မြေထိန်းချုပ်တဲ့သူတွေက ဒီကိစ္စနဲ့ပက်သက်လို့ချင်ရင်စစ်ကောင်စီနဲ့ အသွင်းပြောင်းပြည်သူစစ်တွေ အဓိကရိက္ခာနဲ့ပက်သက်လို့ဆိုရင် အဓိကထိန်းချုပ်ထားတယ်” ဟု PYO ၏ တာဝန်ရှိသူက ခမ်းသားငေါဝ်းကိုပြောသည်။
လူသားချင်းစာနာထောက်ထားမှုအကူအညီများကို စစ်ဘေးရှောင်ထံ ရောက်ရှိရန် အလွန်ခက်ခဲကြောင်း PYO ၏ တာဝန်ရှိသူ တစ်ဦးကထပ်မံပြောသည်။
“လူသားချင်းစာနာထောက်ထားမှုတွေက တကယ် စစ်ရှောင်တွေလက်ဆီရောက်ဖို့က အင်မတန်ခက်ခဲတယ်ပေါ့နော်ပြီးခဲ့တဲ့ UN ကနေလာတဲ့အကူအညီမျိုးဆိုလို့ချင်ရင်တော့ညောင်ရွှေ တောင်ဘက်ခြမ်းက်ုပို့တဲ့လူသားချင်စာနထောက်ထားမှုပေါ့လေ အဲ့လို့ပို့တာက စစ်ရှောင်တွေကိုယ်တိုင်း က ဆန်၊ဆီ သွားပြီးတော့သယ်ယူရတဲ့အခြေနေခင်းကျင်းမို့တွေ ရှိခဲ့တယ် ပေါ့နော်”ဟု PYO တာဝန်ခံ တစ်ဦးက ထပ်ပြောသည်။
၎င်း အခြေအနေ များကြောင့် စစ်ရှောင်များသည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမယ်ဆိုဆိုပါက သယ်ယူပို့ဆောင်ရန်ခက်ခဲ စေသည့် အရာမျိုးမဟုတ်ဘဲ ငွေကြေးပေးပြီး ၎င်းတို့ကိုယ်တိုင်း ဒေသအတွင်းမှာရှိ သည့် ဆန် ၊ဆီ များဝယ်ယူမည် ဟုသော် တောင်းဆိုမှုများလည်း ကြုံတွေ့ ခဲ့ရကြောင်း၎င်းကဆက်ပြောသည်။
ထို့ကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီကို စစ်ဘေးရှောင်ပြည်သူများလက်ထဲ သို့ရောက်ရှိရန်ခက်ခဲကြောင်းနှင့် အကူအညီများကို စစ် ကောင်စီက ၎င်း၏ ကိုယ်ကျိုးအတွက်အသုံးချခံနေ ကြောင်းကိုလည်း သိရှိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရှမ်းပြည်နယ်တောင်ပိုင်း
#စစ်ဘေးရှောင်များကိုအဖွဲ့အစည်းအသီးသီးကကူညီရာတွင်
#လူသားချင်းစာနာထောက်ထားမှု
#အကူအညီ
#အပြည့်အဝပေးရန်ခက်ခဲ
#ပအိုဝ်းလူငယ်အစည်းအရုံးအဖွဲ့
#PYO